Social Icons

Pages

Monday, October 9, 2017

ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းတွင် ၂၂ဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံး



ညောင်လေးပင် ၉-၁၀-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ (၃) ရပ်ကွက် ပင်းတလဲကျောင်းကွေ့ ရန်ကုန်-မန္တလေးကားလမ်း တွင်အောက်တိုဘာ ၇ရက် မွန်းလွဲ ၂နာရီမိနစ်၃ဝက ၂၂ဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ် တို့မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း သိရသည်။

ပြွန်တန်ဆာနယ်မြေ ရဲစခန်းမှ တာဝန်မှူး ဒုတိယရဲအုပ် တင်ထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များက ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ရန်ကုန်မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၉၁/၅) နှင့် (၉၁/၆) ကြား ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ (အမည်မသိ၊ နေရပ်လိပ်စာစုံစမ်းဆဲ) အမျိုးသားတစ်ဦး မောင်းနှင်လာသော ၄၉ယ/-----၊TURBO100 အမျိုးအစားဆိုင်ကယ်နှင့် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ သိန်းလွင်ဦး (ဘ) ဦးတင်ဦး ထောက်ကြံ့မြို့နေသူ မောင်းနှင်လာသော 5F/----(TRACTOR HEAD) ၂၂ ဘီးအဖြူရောင်ယာဉ်တို့ လမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အမည်မသိလူတွင် ဦးခေါင်ထိပ်ကွဲကျေ၊ ဝဲဘက်ပါးပေါက်ပြဲ ဒဏ်ရာများရရှိကာ အချင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း သိန်းလွင်ဦးနှင့် အမည်မသိဆိုင်ကယ် မောင်းသူတို့ကို ပြွန်တန်ဆာ နယ်မြေရဲစခန်းက ယာဉ်(ပ) ၂၄/၂ဝ၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃ဝ၄ (က) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...