Social Icons

Pages

Monday, October 9, 2017

မောင်တောမြို့နယ်၊ သဲချောင်းကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်၊ ကကျဘက်ကျေးရွာတို့၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုများဖြစ်ပွား


ဘူးသီးတောင်မြို့နယ် ကကျဘက်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားသည့်နေရာကို တွေ့ရစဉ်။

နေပြည်တော် ၉-၁၀-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သဲချောင်းကျေးရွာရှိ ဖွေယော့ဇာမောက် (ဘ) မာမတ်တာအော်၏ လက်ဖက်ရည်ဆိုင်၌ အောက်တိုဘာ ၆ရက် ည ၈နာရီခန့်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာသူ၊ ရွာသားများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၈နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူ၊တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ဈေးဆိုင်ခန်း ခြောက်ခန်းမီးလောင် ပျက်စီးခဲ့ရာ ကာလတန်ဖိုး ငွေကျပ် ၂၄ဝဝဝဝ ခန့် မီးလောင်ဆုံးရှုံး ခဲ့သည်။

အလားတူ ဘူးသီးတောင်မြို့နယ်၊ ကကျဘက်ကျေးရွာရှိ ရှော်ဖီအုလ်ကာဒဲရ် (ဘ) ဟာကီမာလီ၏ လက်ဖက်ရည်ဆိုင်၌ အောက်တိုဘာ ၆ရက် ည ၁၁နာရီခွဲခန့်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ရာ ရွာသူ၊ ရွာသားများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁၂နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ဈေးဆိုင်ခန်း ၂၈ ခန်းမီးလောင်ပျက်စီးခဲ့ရာ ကာလတန်ဖိုးငွေကျပ် ၄၃သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုများနှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူများကို ပြင်ဖြူနယ်မြေရဲစခန်းနှင့် ညောင်ချောင်းနယ်မြေ ရဲစခန်းတို့၌ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...