Social Icons

Pages

Friday, October 13, 2017

မုံရွာ-ရေဦး ကားလမ်းတွင် လိုက်ထရပ်ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွား



မုံရွာ ၁၃-၁၀-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ခန်တောကျေးရွာအနီး မုံရွာရေဦးကားလမ်း မိုင်တိုင်အမှတ် (၉၁/၇)နှင့် မိုင်တိုင်အမှတ်(၉၂) ကြားတွင် အောက်တိုဘာ ၁၁ရက်ညနေ ၅နာရီက လိုက်ထရပ်ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မုံရွာဘက်မှ ရေဦးဘက်သို့ယာဉ်မောင်း မျိုးမင်းမြင့် (ဘ) ဦးမြင့်ဆွေ မောင်းထောင်ကျေးရွာ ဘုတလင်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 8H/-----လိုက်ထရပ်ယာဉ်နှင့် ရေဦးဘက်မှ မုံရွာဘက်သို့ ယာဉ်မောင်း စိုးမင်းထွေး (ဘ) ဦးကျော်ဌေး အောင်ချမ်းသာရပ်ကွက် ခင်ဦးမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 8I/-----တို့သည် အချင်းဖြစ်နေရာအရောက်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်အမှတ် 8H/-----လိုက်ထရပ်ယာဉ် သည် လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း မျိုးမင်းမြင့် (ဘ) ဦးမြင့်ဆွေ မောင်းထောင်ကျေးရွာ ဘုတလင်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 8I/-----လိုက်ထရပ်ယာဉ်မှ ခရီးသည်များဖြစ်သော ဒေါ်ကျင်အုံး တောင်ကုန်း ကျေးရွာ (အရှေ့စု) ဘုတလင်မြို့နယ်နေသူ၊ မအေးမိုး စည်ပါကျေးရွာ ဘုတလင်မြို့နယ်နေသူနှင့် ဒေါ်နီ တောင်ကုန်းကျေးရွာ (ဖိုးသာဥ) ဘုတလင်မြို့နယ် နေသူတို့တွင် ထိခိုက်ပွန်းရှဒဏ်ရာ (မစိုးရိမ်ရ)များ ရရှိခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ နယ်မြေခံတပ်ရင်းများမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက သွားရောက်၍ ကရိန်းကားနှစ်စီးဖြင့် လမ်းကြောင်းရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးမင်းမြင့် (ဘ) ဦးမြင့်ဆွေနှင့် စိုးမင်းထွေး (ဘ) ဦးကျော်ဌေးတို့ကို မုံရွာမြို့မရဲစခန်းက ယာဉ် (ပ)၁၃၂/ ၂ဝ၁၇ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...