Social Icons

Pages

Thursday, October 12, 2017

၂ဝ၁၈ ခုနှစ်တွင် ဘယ်မောင်းကားများ တင်သွင်းတော့မည် ဖြစ်သောကြောင့် မန္တလေးမြို့တွင် ညာမောင်းကားများ ဈေးနှုန်းတစ်ဆခွဲ ခန့်ထိမြင့်တက်နေ



မန္တလေး ၁၂-၁၀-၂၀၁၇

၂ဝ၁၈ခုနှစ်တွင် ဘယ်မောင်းကားများသာ တင်သွင်းတော့မည် ဖြစ်သောကြောင့် မန္တလေးမြို့တွင် ညာမောင်းကားများ ဈေးနှုန်းတစ်ဆခွဲခန့်ထိ မြင့်တက်နေကြောင်း မန္တလေးမြို့ ကားဝယ်ရောင်းပွဲ စားကြီးများစခန်းမှ အတွင်းရေးမှူးဦးရဲညွန့်က ပြောပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂ဝ၁၈ခုနှစ်တွင် မော်တော်ယာဉ် မူဝါဒအသစ်ကို ရေးဆွဲနေပြီး မူဝါဒအသစ်တွင် ၂ဝ၁၈ခုနှစ် ဘယ်မောင်းကားများသာ တင်သွင်းသွားရန် အလားအလာရှိနေသည့် အတွက်  ရန်ကုန်မြို့ကြီးအပါအဝင် မန္တလေးမြို့တွင်လည်း ညာမောင်းကားများကို ဝယ်ယူမှုများရှိနေကြောင်း သိရသည်။

 မန္တလေးမြို့တွင် ယခုလက်ရှိ ငွေကျပ်သိန်း ၁ဝဝ မှ ၁၅ဝ ကြားညာမောင်းကားများ အရောင်းအဝယ်ဖြစ်နေပြီး ငွေကျပ်သိန်း ၃၅ဝ နှင့်မော်ဒယ်မြင့်ကားများ အရောင်းအဝယ် အေးနေကြောင်း၊ ယခင်ကငွေကျပ်သိန်း ၃၅ဝ တန်  ကားများမှာယခု လက်ရှိ ငွေကျပ်သိန်း ၇ဝဝ ခန့်ထိ ပေါက်ဈေးရှိနေသည့် အတွက်ငွေကျပ် သိန်း ၁ဝဝ နှင့်ငွေကျပ်သိန်း ၁၅ဝ ကြား ဂျပန်ညာမောင်း ကားများကိုသာဝယ်ယူမှု များပြားလျက်ရှိကြောင်း သိရသည်။

" အရင်ကတည်းက မန္တလေးမြို့မှာ ညာမောင်းဂျပန်ကားတွေကိုပဲ အသုံးပြုကြတာများတယ်။ အခုလာမယ့်နှစ်မှာ တင်သွင်းမယ့်ဘယ်မောင်း တရုတ်၊ကိုရီးယား၊ အမေရိကန်အမျိုးအစားတွေကိုသာ တင်သွင်းတော့မှာ ဆိုတော့ ယာဉ်အသုံးပြုသူတွေ အနေနဲ့ရော ပွဲစားတွေအနေနဲ့ပါ စိုးရိမ်မှုအပါအဝင် စိတ်ဝင်စားမှုတွေပါ ဖြစ်နေတယ်။ ပြီးတော့ မော်ဒယ်ကလဲ ၂ဝ၁၄ခုနှစ်အထက် ကားတွေပဲဆို တော့လာမယ့်နှစ်မှာ အရောင်းအဝယ်က သိပ်အဆင်  မပြေနိုင်ဘူ" ဟု မန္တလေးမြို့ကားဝယ်ရောင်း ပွဲစားကြီးများစခန်းမှ ဒုတိယဥက္ကဋ္ဌဦးကျော်လွင်က ပြောပြသည်။

ယခုလက်ရှိ အချိန်တွင်လည်း မန္တ လေးမြို့နေ ပြည်သူလူထုစိတ်ဝင် စားမှုအများဆုံးမှာ ဂျပန်ကားညာမောင်းများကိုသာ စိတ်ဝင်စားမှု ရှိနေသည့်အတွက် ဈေးနှုန်းမြင့်မားသည့် ဘယ်မောင်းကားများကို ဝယ်ယူစီးနင်းမှု အနည်းငယ်သာရှိ လာနိုင်ကြောင်း၊ ယခင်ကတည်းက မန္တလေးမြို့တွင်ညာမောင်းကားများ ကိုသာအသုံးပြုခဲ့သည့် အတွက်စီးနင်း ရာတွင်လည်း အခက်အခဲများရှိလာ နိုင်ကြောင်း၊ ယခုလက်ရှိအချိန်တွင် ညာမောင်းများအစား ဘယ်မောင်း ၂ဝ၁၄ မော်ဒယ်မြင့်ကားများသာ တင်သွင်းတော့မည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...