Social Icons

Pages

Tuesday, October 10, 2017

ယခုနှစ်သီတင်းကျွတ် အလုပ်ပိတ်ရက်တွင် မန္တလေး မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ သွားရောက်လည်ပတ်သူ များပြား



ရန်ကုန် ၁၀-၁၀-၂၀၁၇

ယခုနှစ်သီတင်းကျွတ် အလုပ်ပိတ်ရက် များအတွင်း ပြည်တွင်းခရီးသွား ပြည်သူများ အပန်းဖြေခရီးထွက်မှုမှာ ယခင်နှစ်ထက် မြင့်တက်လာပြီး မန္တလေး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ အများဆုံးသွားရောက်
လည်ပတ်ကြကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။

ထိုသို့ လည်ပတ်ရာတွင် မွန်ပြည်နယ်ရှိ စက်စဲကမ်းခြေ၊ ရှမ်းပြည်နယ်ရှိ တောင်ကြီးနှင့် အင်းလေးဒေသတို့အပြင် မန္တလေးမြို့တို့သို့လည်း သွားရောက်လည်ပတ် ကြကြောင်း သိရသည်။

''နှစ်ညအိပ်သုံးရက်ခရီး သွားရောက်လည်ပတ် ကြတယ်။ အများစုက မိသားစုအလိုက် အနားယူ အပန်းဖြေကြတာ တွေ့ရပါတယ်''ဟု ဗဟန်းမြို့နယ်ရှိ Golden Bell ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ပိုင်ရှင်ကိုသိန်းအောင်က ပြောသည်။

သီတင်းကျွတ်အားလပ်ရက် ကာလတွင် ခရီးသွားဧည့်သည် များပြားခြင်းကြောင့် အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်များနှင့် တည်းခိုခန်းများမှာ နေရာလွတ်မရှိအောင် ငှားရမ်းရကာ ဟိုတယ် အခန်းခ ဈေးနှုန်းများမှာလည်း မြင့်တက်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...