Social Icons

Pages

Tuesday, October 17, 2017

မောင်တောမြို့နယ်၊ တောင်ပြိုဝဲမြို့၊ မဲဒီကျေးရွာနှင့် လက်ဖွဲ့ကျကျေးရွာအနီး မီးရှို့ရန်လာရောက်သည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ဖမ်းဆီးရမိ


သိမ်းဆည်းရမိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်ပေးထားသည့် Myanmar National's Card ကိုတွေ့ရစဉ်။

ဖမ်းဆီးရမိ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားနှစ်ဦးကို တွေ့ရစဉ်။

နေပြည်တော် ၁၇-၁၀-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုဝဲမြို့၊ မဲဒီကျေးရွာရှိ နေအိမ်များအား ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမည်ဟု သတင်းအရ အဆိုပါကျေးရွာအနီး လုံခြုံရေးဆောင်ရွက်စဉ် အောက်တိုဘာ ၁၅ ရက် နံနက် ၄ နာရီခွဲခန့်တွင် ကျေးရွာ၏အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာ၌ ဓားကိုယ်စီ ကိုင်ဆောင်ထားသည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးခန့်ကိုတွေ့ရှိ၍ လုံခြုံရေးတပ်ဖွဲ့ ၀င်တစ်ဦးက စစ်ဆေးမေးမြန်းရာ ပြန်လည်ပြောကြားခြင်းမရှိဘဲ ရှေ့ဆုံးမှ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတစ်ဦးက အသင့်ကိုင်ဆောင်ထားသောဓားဖြင့် ပြေးခုတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက လက်နက်ငယ်ဖြင့် ခုခံကာကွယ် ပစ်ခတ်ခဲ့သည်။

ထိုသို့ ပြန်လည်ခုခံ ပစ်ခတ်မှုကြောင့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ကျေးရွာ၏အနောက်ဘက် နတ်မြစ်ဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသဖြင့် လိုက်လံရှင်းလင်းခဲ့ရာ မဲဒီကျေးရွာ၏အနောက်ဘက် မီတာ ၁၀၀ခန့်အကွာ၌ လည်ပင်းတွင် လက်နက်ငယ်ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးနေသည့် ဘင်္ဂါလီအကြမ်းဖက်သမား တစ်ဦးအား အရိုးအသွား ၂ ပေ၊ ဗြက် ၂ လက်မခန့်ရှိ ဓား ၁ ချောင်း၊ ရေနံဆီထည့်၍ အ၀တ်ဖြင့် ပိတ်ဆို့ထားသည့် ပုလင်း ၁ လုံး၊ ၎င်း၏ကိုယ်ပေါ်မှ တာကာငွေ ၈၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်ပေးထားသော Myanmar National's Card တစ်ခုတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယင်းကတ်တွင် ကတ်အမှတ်၊ 10420171013144309 ၊ အမည်၊ ဟာဆန် (Hasan) ၊အသက် ၂၀ နှစ်(ဘ)ရိုဟင် (Rohim)၊ လိပ်စာ Vill, Boli Bazar,Ps; Maungdaw, Dist; Akyab, Myanmar၊ ထုတ်ပေးရက်စွဲ ၂၀၁၇၊ အောက်တိုဘာ ၁၃ ရက်ဟု ဖော်ပြပါရှိသည်။

အလားတူ အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မဲဒီကျေးရွာ၏ တောင်ဘက် လက်ဖွဲ့ကျ ကျေးရွာအနီး၌ မသင်္ကာဖွယ် ဘင်္ဂါလီ ၃ ဦးအားတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် ခေါ်ယူစဉ် ၁ ဦးမှာ ထွက်ပြေးသွားခဲ့သည်။ ဖမ်းဆီးရမိသူ ၂ ဦး၏ ပြောကြားချက်အရ ၎င်းတို့မှာလက်ဖွဲ့ကျကျေးရွာမှ ဟာဆောင်း (ဘ)ဆွေနုယာမောက်နှင့် မူဟာမတ်ဒူဟိုင်း (ဘ) မိုဟာမတ်ကော်ရိန် တို့ဖြစ်ပြီး ထွက်ပြေးသွားသူမှာ မဲဒီကျေးရွာမှ နိုရာလောင် ဖြစ်ကြောင်း၊ သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်နေထိုင်ခဲ့ကြောင်း၊ အောက်တို ဘာ ၁၅ ရက် နံနက် ၆ နာရီ ခန့်တွင် နယ်စပ်ခြံစည်းရိုးအနီးရှိ ရေထွက်ပေါက်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၎င်းတို့နေထိုင်ခဲ့ရာ လက်ဖွဲ့ကျ ကျေးရွာရှိ နေအိမ်များ၌ အသုံးအဆောင်ပစ္စည်းများကို ရှာဖွေပြီးနောက် ကျေးရွာအားမီးရှို့ဖျက်ဆီးရန် လာ ရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင် ရွက်နိုင်ရန် တောင်ပြိုယာရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...