Social Icons

Pages

Tuesday, October 17, 2017

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများပါဝင်သော ပြည်ထောင်စုစီမံကိန်းကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် စတင်ဆောင်ရွက်


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဒေသခံတိုင်းရင်းသားများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်စဉ်။

စစ်တွေ ၁၇-၁၀-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများပါဝင်သော ပြည်ထောင်စုစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine - UEHRD) ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့နှင့်အတူ မောင်တောမြို့နယ် လောင်းဒုံ၊ ဘဒကား၊ ပန်းတောပြင်ကျေးရွာ တို့သို့သွားရောက်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ များဖြစ်သည့် စားနပ်ရိက္ခာပစ္စည်းများ ပေးအပ်ခြင်း၊ ပြန်လည်နေရာချထားရေးအတွက် အိမ်ရာများ စတင်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေလေဆိပ်မှ ရဟတ်ယာဉ်ဖြင့်ထွက်ခွာရာ မွန်းလွဲ ၁ နာရီခွဲတွင် မောင်တောမြို့မြောက်ပိုင်း မြိုတိုင်းရင်းသားများ နေထိုင်ရာ လောင်းဒုံ (နတလ)ကျေးရွာသို့ရောက်ရှိပြီး ဒေသခံမြိုတိုင်းရင်းသားများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့တို့သည် တိုင်းရင်းသားများအတွက် စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ခြင်း ဖြစ်ကြောင်း၊ လိုအပ်သည့်နေရာများတွင် နေအိမ်များတည်ဆောက်၍ ပြန်လည်နေရာ ချထားပေးရန်ဖြစ်ကြောင်း၊ လူနည်းစုတိုင်းရင်းသား များ၏ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်ထောင်စုစီမံကိန်းတွင် လုပ်ငန်းသုံးခု ချမှတ်ဆောင်ရွက် ရန်ရှိကြောင်း၊ အဆိုပါကဏ္ဍသုံးရပ်တွင် စားနပ်ရိက္ခာထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ ပါဝင်ကြောင်း၊ ယင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများက ဝိုင်းဝန်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒေသခံမြိုတိုင်းရင်းသားများအတွက် ဆန်အိတ် ၂၉ဝ၊ ဆီ ၉၇ ပုံး၊ ပဲ ၁၈ အိတ်၊ဆား ခုနစ်အိတ်၊ ကြက်သွန်နီ ၄၈ အိတ်၊အာလူး ၄၈ အိတ်၊ ငရုတ်သီးခြောက်ငါးအိတ်၊ နို့မှုန့်ထုပ်များကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြိုတိုင်းရင်းသားများနေထိုင်ရာ ခုံတိုင်ကျေးရွာနေ မြိုတိုင်းရင်းသားများအတွက် နတလရွာသစ်တည်ဆောက်ပေးရန် အိမ်ရာပန္နက်ရိုက်ပွဲသို့ တက်ရောက်၍ အိမ်ရာသစ်ပန္နက်တိုင်ကို စိုက်ထူပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မောင်တောမြို့နယ် အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကာ ဆန်၊ ဆီ၊ ပဲ၊ ဆား၊ကြက်သွန်နီ၊ အာလူး၊ ငရုတ်သီးခြောက်နှင့် နို့မှုန့်ထုပ်တို့ကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပန်းတောပြင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရွှေု့လျားဆေးကုသအဖွဲ့နှင့်တွေ့ဆုံပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...