Social Icons

Pages

Wednesday, September 20, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth အားနေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်စဉ်။

နေပြည်တော် ၂၀-၉-၂၀၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရောက်ရှိနေသည့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth နှင့်ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လေဆိပ်၌ လိုက်ပါပို့ဆောင် နှုတ်ဆက်သည်။

အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံစစ်သံမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ (ကြည်း၊ရေ၊လေ) စစ်သံမှူးများနှင့် တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံခြင်း၊ ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့ရှိ တန်ခိုးကြီးဘုရားများ ဖူးမြော်ခြင်း၊ ကမ္ဘောဇသာဒီနန်းတော်နှင့် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်တို့အား သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...