Social Icons

Pages

Friday, September 8, 2017

မန္တလေးတိုင်း ဒေသကြီး၌ တစ်နှစ်ခွဲအတွင်း စက်မှုလုပ်ငန်း ၃ဝဝ ကျော်တိုးလာ



မန္တလေး ၈-၉-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး၌ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်ကုန်တွင် စက်မှုလုပ်ငန်း မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း ၇၄၉ဝ ကျော်ရှိခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် နှစ်ဝက်ခန့်ထိ တစ်နှစ်ခွဲခန့်အတွင်း လုပ်ငန်းပေါင်း ၇၈၇ဝကျော်ထိ ရှိလာကာ လုပ်ငန်းပေါင်း ၃၈ဝ ကျော်ထိ တိုးလာကြောင်း မန္တလေး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

" ရှိပြီးသားလုပ်ငန်းတွေကလဲ သက်တမ်းတိုးဖို့ စည်းကမ်းလိုက်နာ တဲ့လုပ်ငန်းရှင်က တော်တော်နည်းပါတယ်။ ဒါကိုလဲအမြဲကွင်းဆင်းပြီး နှိုးဆော်နေရတယ်။ လုပ်ငန်းအသစ်တွေကို လုပ်ငန်းမှတ်ပုံတင်ဖို့ လျှပ်စစ်၊ အလုပ်သမား၊ လောင်စာနဲ့ ပတ်သက်တာတွေ၊ လုပ်ငန်းလည် ပတ်မှုတွေကို ပညာပေးနေပါတယ်" ဟုအဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဆွေက ပြောပြသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး အတွင်းစက်မှုလုပ်ငန်း မှတ်ပုံတင်သည့် လုပ်ငန်းအသစ် ၅ဝဝခန့် ထပ်တိုးရန် လျာထားကြောင်း သိရသည်။

၁၉၉ဝ ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေအရ မြင်းကောင်ရေ သုံးကောင်နှင့်အထက်၊ အလုပ်သမားဦးရေ ၃ဝ နှင့်အထက်ရှိသည့် လုပ်ငန်းများမှာ စက်မှုလုပ်ငန်းမှတ်ပုံတင် ရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းစက်မှုလုပ်ငန်း မှတ်ပုံတင်ထားသည့် လုပ်ငန်းအများစုမှာ ဆန်စက်၊ ဂျုံစက်၊ မုန့်လုပ်ငန်း စသည့်စားသောက်ကုန် လုပ်ငန်း၊ ရက်ကန်း အထွေထွေစက်မှုလုပ်ငန်း တို့ဖြစ်ပြီး မန္တလေးခရိုင်အတွင်း စုစုပေါင်း လုပ်ငန်း ၅ဝဝဝကျော်ဖြင့် လုပ်ငန်းအများဆုံးရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...