Social Icons

Pages

Tuesday, September 19, 2017

စက်ရုံ အလုပ်ရုံများ၌ အမြဲတမ်းအလုပ်သမား ခန့်ထားမှသာ လုပ်ငန်းခွင်တိုးတက်နိုင်မည်



ရန်ကုန် ၁၉-၉-၂၀၁၇

ပြည်တွင်းရှိ စက်ရုံ အလုပ်ရုံများ၌ လက်ရှိအချိန်ထိ အမြဲတမ်းအလုပ်သမား ခန့်ထားမှု နည်းပါးနေဆဲဖြစ်ကာ အမြဲတမ်းအလုပ်သမား ခန့်ထားမှု များပြားမှသာ လုပ်ငန်းခွင်တိုးတက်မှု ရှိနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး ဆိုင်ရာကော်မတီအဖွဲ့ဝင်(ခန့်ထားပုဂ္ဂိုလ်) ဦးခင်မောင်ဦးထံမှ သိရသည်။

ထိုသို့ လုပ်ငန်းခွင်တိုးတက် တည်ငြိမ်မှသာ အလုပ်သမားများအတွက် လုပ်ခလစာနှင့်ပတ်သက်၍ အငြင်းပွားမှုများလျော့နည်း သွားမည်ဖြစ်ပြီး လုပ်ခလစာပေးနိုင်မှုမှာလည်း ခေတ်ကာလနှင့်အညီ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

'' ဒီနေ့အထိ အလုပ်ရုံတွေမှာ အမြဲတမ်းအလုပ်သမားဆိုတာ တော်တော်နည်းပါတယ်။ တော်တော်များများက ယာယီအလုပ် သမားတွေဖြစ်နေတယ်။ သူတို့က လုပ်ငန်းတစ်ခုမှာ ခဏပဲလုပ်ပြီး ထွက်သွားကြတယ်။ဒါကြောင့် စက်ရုံ၊ အလုပ်ရုံတွေက အမြဲတမ်းဝန်ထမ်းကို ခန့်ထားဖို့လိုမယ်။ ဒါမှလည်းလုပ်ငန်း တည်ငြိမ်နိုင်မယ်''ဟု ဦးခင်မောင်ဝင်း ကပြောသည်။

မြန်မာနိုင်ငံ၌ အလုပ်သမားများနှင့် ပတ်သက်သည့် အနည်းဆုံး အခကြေးငွေကို လုပ်ငန်းငါးရပ်ဖြင့် ၂ဝ၁၃ ခုနှစ်မှစ၍ နှစ်နှစ်နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် အနည်းဆုံးလုပ်ခ ကြေးငွေကို တစ်ရက်လျှင် ငွေကျပ် ၃၆ဝဝ အဖြစ် သတ်မှတ်ရန်ကြေညာခဲ့ပြီး ယင်းဥပဒေတွင် သတ်မှတ်ပြီး နှစ်နှစ်အကြာတွင် ဆက်လက်ထားရှိ သင့်၊ မသင့် သတ်မှတ်ထားရာ လတ်တလောတွင် အလုပ်သမားများ၏လုပ်ခလစာ နှင့်ပတ်သက်၍ စစ်တမ်းများကောက်ယူခဲ့ရာ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...