Social Icons

Pages

Friday, August 4, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် (အငြိမ်းစား) ဗိုလ်ချုပ်ကြီး Shigeru IWASAKI ကနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ




နေပြည်တော် ၄-၈-၂၀၁၇

ဂျပန်နိုင်ငံ Nagaoka မြို့တွင် အလုပ်သဘော ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ဒေသ စံတော်ချိန်နံနက် ၉ နာရီတွင် Tokyo မြို့သို့ Shinkansen ကျည်ဆန်ရထားဖြင့် လိုက်ပါစီးနင်းခဲ့ကြပြီး ဒေသစံတော်ချိန်နံနက် ၁၀ နာရီခွဲတွင် Tokyo ဘူတာသို့ရောက်ရှိကြရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ကြီးဦးသူရိန်သန့်ဇင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့နေ့လယ်ပိုင်းတွင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် (အငြိမ်းစား) ဗိုလ်ချုပ်ကြီး Shigeru IWASAKI က Hotel New Otani ရှိ Sakura no ma ခန်းမတွင် နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါ နေ့လယ်စာ စားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီးစိုးထွဋ် နှင့် တပ်မတော်အရာရှိ ကြီးများ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသူရိန်သန့်ဇင် နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် စောမင်းတို့ တက်ရောက်ကြပြီး အငြိမ်းစားဗိုလ်ချုပ်ကြီး Shigeru IWASAKI နှင့်ဇနီး၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အငြိမ်းစား ဗိုလ်ချုပ်ကြီး Shigeru IWASAKI က နှုတ်ခွန်းဆက် စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် နေ့လယ်စာကို အတူတကွ သုံးဆောင် ကြသည်။ နေ့လယ်စာ သုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အငြိမ်းစားဗိုလ်ချုပ်ကြီး Shigeru IWASAKI နှင့်ဇနီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...