Social Icons

Pages

Wednesday, August 2, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ



နေပြည်တော် ၂-၈-၂၀၁၇

နီပွန်ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr. Tateshi Higuchi ၊ စစ်သံမှူး Col. Kei TAJIKA နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် တပ်မတော်အရာရှိများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။ အဆိုပါချစ်ကြည်ရေး ခရီးစဉ်အတွင်း ဂျပန်နိုင်ငံအစိုးရ၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ်နှင့် (ကြည်း၊ရေ၊လေ) စစ်ဦးစီးချုပ်များအား တွေ့ဆုံ၍ တပ်မတော်နှစ်ရပ် အကြားချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် ဂျပန်နိုင်ငံရှိ ယဉ်ကျေးမှုနှင့် စက်မှုလုပ်ငန်း များအား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။ 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဖြစ်သူ General Shigeru IWASAKI ၏ ဖိတ်ကြားချက်အရ ၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...