Social Icons

Pages

Monday, July 3, 2017

ပုသိမ်မြို့ ကန်သာယာပန်းခြံအနီး လူအများအပန်းဖြေရာနေရာတွင် ဓားထောက်ပြီးလုယက်သူများကို နာရီပိုင်းအတွင်းဖမ်းဆီးရမိ



ပုသိမ် ၃-၇-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်သာယာပန်းခြံအနီး လူအများ အပန်းဖြေရာနေရာတွင် လာရောက်အပန်းဖြေသည့် စုံတွဲကို ဓားထောက်ကာ ပစ္စည်းများ လုယက်ခဲ့သူနှစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်းပုသိမ်မြို့မရဲစခန်းမှ သိရသည်။

လုယက်ခံရသည့် စုံတွဲသည် အများပြည်သူ အပန်းဖြေနေရာတွင် ဇူလိုင် ၁ရက် ည ၇နာရီကျော်က လာရောက်လမ်းလျှောက်နေစဉ် ချုံပုတ်အတွင်းမှ အင်္ကျီအနီဝတ်တစ်ဦးနှင့် အင်္ကျီအနက်ဝတ်တစ်ဦးတို့ ထွက်လာသည်။

ထို့နောက် ၎င်းတို့နှစ်ဦးက အမျိုးသားကို ထိုးကြိတ်ပြီး ထိုင်ခိုင်းကာ အသင့်ပါလာသော ဓားဖြင့်ထောက်၍ အမျိုးသမီးထံမှ ဆြွဲကိုးနှစ်ကုံး၊ နားကပ်တစ်ရန်၊ ဖုန်းတစ်လုံးကို လုယူထွက်ပြေး သွားကြောင်း သိရသည်။

ထို့ကြောင့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ပုသိမ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လိုက်လံပူးပေါင်း ဖမ်းဆီးခဲ့ရာ ည ၉နာရီကျော်တွင် ကန်သာယာပန်းခြံအနီး ချုံပုတ်အပင်များကြား ပုန်းအောင်းနေသော မြတ်သူစိုးမြင့်နှင့် ကောင်းဝင်းထွဋ်တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ နှစ်ဦးကို သက်သေများ ရှေ့တွင် စစ်ဆေးခဲ့ရာ ၎င်းတို့လုယူခဲ့သော ပစ္စည်းများနှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သောဓားကို သိမ်းဆည်းရမိခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပစ္စည်းများလုယက်ခဲ့သူ မြတ်သူစိုးမြင့်နှင့် ကောင်းဝင်းထွဋ်တို့နှစ်ဦးကို ပုသိမ်မြို့မရဲစခန်းက (ပ)၂၃၆/ ၂ဝ၁၇၊ လုယက်မှုပုဒ်မ-၃၉၄ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...