ရေတာရှည် ၅-၇၂၀၁၇
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ တောင်ဘက် တစ်မိုင်ခန့်အကွာ ရွှေပြည်ကုန်းကျေးရွာ၊ အောင်မေတ္တာစက်သုံးဆီ အရောင်းဆိုင်အနီး ရန်ကုန်-မန္တလေးကား လမ်းတွင် ဇူလိုင် ၃ ရက် ညနေ ၄ နာရီမိနစ်၃ဝခန့်က မိုးရွာနေချိန်မောင်းနှင်လာသော လယ်ယာသုံး ထွန်စက်ပေါ်တွင် စီးနင်းလိုက်ပါ လာသူတစ်ဦး ကားလမ်းပေါ်သို့ ပြုတ်ကျကာ ထွန်စက်နောက်ဘီးဖြင့် ကြိတ်မိ၍နေရာတွင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထွန်စက်မောင်းနှင်သူမှာ အခင်းဖြစ်နေရာမှ မောင်းနှင် ထွက်ပြေးသွားပြီး ရွှေပြည်ကုန်းကျေးရွာ ကားလမ်းဘေးတွင် ထွန်စက်ကို သော့တန်းလန်းဖြင့် ထားခဲ့သည်။ ထို့ကြောင့်ရေတာရှည် မြို့မ ရဲစခန်းမှတာဝန်မှူး ဒုတိယရဲအုပ် အောင်ကိုကိုသန့်နှင့် အဖွဲ့က ဆက်လက်စစ်ဆေးခဲ့ရာ ရန်ကုန်မန္တလေး ကားလမ်းအတိုင်း တောင်မှမြောက်သို့ ဇင်သူအောင် ဘူးအိုင်ကျေးရွာ မြို့လှမြို့နေသူမောင်းနှင်ပြီး ၎င်းနှင့်အတူ မင်းခန့်ကျော်(ခ) ဖူးဖူး မြို့မြေရပ်ကွက်၊ မြို့လှမြို့ နေသူလိုက်ပါ လာသည့် KIOTI 60 MP ထွန်စက်ဖြင့် လိုက်ပါလာစဉ် ကားလမ်းမိုင်တိုင် အမှတ် (၁၈၂/၆) နှင့် (၁၈၂/၇) ကြား အရောက် မင်းခန့်ကျော်(ခ)ဖူးဖူးသည် ထွန်စက်ပေါ်မှ ပြုတ်ကျကာ ထွန်စက်၏နောက် ဝဲဘက်ဘီးဖြင့် ကြိတ်မိခဲ့၍ ရရှိသောဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ထွန်စက်မောင်းနှင်သူ ဇင်သူအောင်ကို ရေတာရှည် မြို့မရဲစခန်းက ယာဉ်(ပ)၂၉/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၃ဝ၄(က) /၂ဝ၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#yadanarpondaily
No comments:
Post a Comment