Social Icons

Pages

Monday, July 10, 2017

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ၊ ဂါယာမြို့ရှိ သမိုင်းဝင် ဗုဒ္ဓဝင်အထိမ်းအမှတ်နေရာများအား သွားရောက်ဖူးမြော်ကြည်ညို၊ အာမက်ဒါဘတ်မြို့သို့ရောက်ရှိ



အိန္ဒိယသမ္မတနိုင်ငံ၊ ဂါယာမြို့ရှိဂျပန်ဘုရားကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များ ဖူးမြော်ကြည်ညိုစဉ်။

ဗုဒ္ဓမြတ်စွာဘုရား တရားအားထုတ်သည့် လိုဏ်ဂူတော်အားတွေ့ရစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သုဇာတာသူဌေးသမီးက မြတ်စွာဘုရားရှင်အား ဃနာနို့ဆွမ်း ဆက်ကပ်သည့် အထိမ်းအမှတ်အဖြစ် တည်ထားသောဘုရားကျောင်းဆောင်တွင် သောက်တော်ရေ နှင့် ဆီမီး၊ အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တာဝန်ရှိသူတစ်ဦးက ဂျပန်ဘုရားကြီးပုံတော်အမှတ်တရလက်ဆောင် ပေးအပ်စဉ်။

အိန္ဒိယသမ္မတနိုင်ငံ ဂါယာမြို့ရှိ ဂျပန်ဘုရားကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလိလ်ချုပ်မှူးကြီးမင်းးအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဆီမီးတိုင်၊ အမွှေးနံ့သာတိုင်များကပ်လှူပူဇော်စဉ်။

နေပြည်တော် ၁၀-၇-၂၀၁၇

အိန္ဒိယသမ္မတနိုင်ငံ၊ ဂါယာမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဂါယာမြို့ရှိ ဂျပန်နိုင်ငံမှ တည်ထားကိုးကွယ်သော ဂျပန်ဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆီမီး တိုင်၊ အမွေးနံ့သာတိုင်များ ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက်ဘုရားပုရိဝုဏ်အတွင်း လှည့်လည်ကြည်ညိုကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးကြသည်။ အဆိုပါဂျပန်ဘုရားကြီးသည် ဉာဏ်တော်အမြင့် ၈၀ ပေရှိပြီး ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ၃ နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘုရားပရိဝုဏ်အတွင်း ရဟန္တာ ၅ ပါးနှင့် လက်ဝဲတော်ရံ သာဝက ၅ ပါးတို့၏ ရုပ်တုတော်များကိုပါ တည်ထား ကိုးကွယ်ထားရှိကြောင်း သိရှိရသည်။

ယနေ့မွန်းလွဲပိုင်းဒေသစံတော်ချိန် ၁ နာရီခွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဂါယာမြို့မှ အာမက်ဒါဘတ်မြို့သို့ အိန္ဒိယတပ်မတော် အထူးလေယာဉ်ဖြင့်ဆက်လက်ထွက်ခွာကြရာ ဂါယာလေဆိပ်တွင် Gaya Officer Training Academy (OTA) မှ ဒုတိယကျောင်းအုပ်ကြီး Maj. Gen. K J BABU နှင့်ဇနီး၊ ကိုလ်းကတ္တားကောင်စစ်ဝန်ချူပ် ဦးပြည်စိုးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန်ညနေ ၄ နာရီ ၁၅ မိနစ်တွင် အာမက်ဒါဘတ်မြို့ လေဆိပ်သို့ရောက်ရှိကြရာ လေဆိပ်တွင် အမှတ်(၁၁)တပ်မမှူး Maj. Gen. ANIL PURI နှင့်ဇနီး၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...