Social Icons

Pages

Sunday, July 9, 2017

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Bipin Rawat က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲတွင် ဖျော်ဖြေရေးအဖွဲ့များ၏ အိန္ဒိယရိုးရာ အဆို၊ အက၊ အတီး တင်ဆက်မှုများကို ကြည့်ရှုအားပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Bipin Rawat  အားအမှတ်တရလက်ဆောင် ပေးအပ်စဉ်။

နေပြည်တော် ၉-၇-၂၀၁၇

အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ) ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ Admiral Sunil Lanba ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဇူလိုင် ၇ ရက်ည ဒေသစံတော်ချိန် ၇ နာရီခွဲတွင် Officer Training Academy (OTA)၌ အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Bipin Rawat က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် Officer Training Academy (OTA) ကပွဲခန်းမတွင် အိန္ဒိယရိုးရာ အဆို၊ အက၊ အတီး ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ဆက်လက်ပြီး မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Officer Training Academy (OTA) စစ်တီးဝိုင်းအဖွဲ့၏ တီးခတ်ဖျော်ဖြေမှုများကို ကြည်ရှုအားပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တီးဝိုင်းတာဝန်ခံအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် Officer Training Academy (OTA) ဧည့်ရိပ်သာ၌ အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ ဇနီးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကြသည်။ ထိုသို့တွေ့ဆုံရာတွင် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်က ဦးစွာ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ Gen. Bipin Rawat နှင့်ဇနီးတို့အား အမှတ်တရလက်ဆောင်များပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ်မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။ ဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် Officer Training Academy (OTA) ဧည့်ရိပ်သာမှတ်တမ်း စာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...