Social Icons

Pages

Friday, July 7, 2017

ပြည်ကြီးတံခွန်မြို့နယ် အတွင်းမူးယစ်ဆေးဝါး သိုလှောင်ရောင်းချနေသူများကို ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူကို သက်သေခံပစ္စည်းများ နှင့်အတူတွေ့ရစဉ်။

နေပြည်တော် ၇-၇-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချို မြို့အဝင်ရှိ အိုရီယမ်တယ် တိုးဂိတ်အနီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များကို စစ်ဆေးစဉ် ဇူလိုင် ၅ရက်နံနက် ၇ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့မှ မန္တလေးမြို့သို့ ဦးကျော်ဝင်း (ခ) လျိုရုန်းချမ်း မောင်းနှင်လာသည့် Land Cruiser အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-6D/-----နှင့်မိုးဟိန်း မောင်းနှင်၍ လျိုရုန်းချမ်း၏ ဇနီးဖြစ်သူ ဖူးဝေခိုင် လိုက်ပါလာသည့် Land Cruiser အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-4F /------- တို့ကိုရပ်တန့် စစ်ဆေးရာ ယာဉ်များပေါ်မှ အိုက်စ်ကီလို ၇ဝခန့် နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းချက်များ အရမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈လမ်း၊ ကျန်စစ်သားလမ်းနှင့် ဗညားဒလ လမ်းထောင့်ရှိ လျိုရုန်းချန်း၏နေအိမ်ကို သွားရောက်စစ်ဆေးရာ အိမ်စောင့်ဖြစ်သူ အောင်မင်းထွန်း (ဘ) ဦးရဲဖေကို တွေ့ရှိရပြီး ၎င်းနှင့်အတူ (င)ရပ်ကွက်၊ လမ်း ၆ဝ မင်းကြီး ရန်နောင်လမ်းနှင့် မင်းရဲကျော်စွာ လမ်းကြားရှိ ဂိုထောင်ကို သွားရောက်စစ်ဆေးရာ ဂိုထောင်အတွင်းမှ LINCOLN NAVIGATOR STATION WAGON (4x4) အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 9E/------ TOYOTA HIACE MINI BUS အမျိုးအစား မော်တော်ယာဉ် အမှတ်၊ 7K/---- နှင့် TOYOTA HILUX SURF အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 2E/----- တို့ကို တွေ့ရှိရပြီး ယာဉ်များပေါ်မှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း ၁၂၆၄ဝဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၆၃၂ဝဝ ခန့်) ကိုလည်းကောင်း၊ လျိုရုန်းချမ်း၏ နေအိမ်မှ HEVROLET SPARK HATCH BACK အမျိုးအစားမော်တော် ယာဉ်အမှတ်၊ 2L/ ------နှင့် 4N/------ နှစ်စီး၊ မီးခံသေတ္တာအတွင်းမှ မြန်မာငွေ ကျပ်သိန်း ၃၆ဝ၊ အလေးချိန် ၁ဝ ကျပ်သားရှိ ရွှေတုံး ၁၂တုံး၊ ရွှေလက်ကိုင်အိတ် တစ်လုံးနှင့် ရွှေ ထည်မျိုးစုံ၊ စုစုပေါင်းရွှေအလေးချိန် နှစ်ပိဿာ ၁၆ ကျပ်သား လေးပဲတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ ထားရှိရာနေရာသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များ ဆောင်ရွက်ပေးသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိသူများကို နောင်ချိုမြို့မရဲစခန်းနှင့် ပြည်ကြီးတံခွန်မြို့မ ရဲစခန်းတို့၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ နိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...