Social Icons

Pages

Friday, July 7, 2017

ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်း သစ်တောရုံးအနီးတွင် ၂၂ဘီးယာဉ်နှင့် ၁၂ဘီးယာဉ် တိုက်မှုဖြစ်ပွား



ညောင်လေးပင် ၇-၇-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၉၉/၄) နှင့် (၉၉/၅) ကြား သစ်တောရုံးအနီးတွင် ယနေ့နံနက် ၇နာရီက ၂၂ဘီးတွဲယာဉ်နှင့် ၁၂ဘီးယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဇော်မိုးသူ (ဘ) ဦးသောင်းရွှေ ကျောက်ဆည်မြို့နယ် နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်ထက် (ဘ) ဦးငွေပုံ ဝမ်းတွင်းမြို့နယ် နေသူလိုက်ပါလာသော ယာဉ်အမှတ် 3M/----- MITSUBISHI FUSO အမျိုးအစား အဖြူရောင်၂၂ဘီးတွဲယာဉ်က တစ်ဖက်ယာဉ်ကြော အတွင်းသို့ ဝင်ရောက်ပြီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဝင်းနိုင်ထွန်း (ဘ) ဦးစန်းလွင် မြစ်သားမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကိုကိုဦး (ဘ) ဦးညွန့်မြိုင် ကသဲကုန်းကျေးရွာ မြစ်သားမြို့နယ်နေသူ လိုက်ပါလာသော ယာဉ်အမှတ် 5K/------HINO အမျိုးအစားစိမ်း၊ မီးခိုးရောင် ၁၂ဘီးယာဉ်၏ ဦးခေါင်းဝဲဘက်ကို ဝင်ရောက် တိုက်မိခဲ့သည်။

ထိုသို့တိုက်မိမှုကြောင့် ၂၂ဘီးယာဉ်မောင်း ဇော်မိုးသူတွင် ဝဲဘက်နဖူး ပေါက်ပြဲသွေးထွက် ဒဏ်ရာ၊ ဝဲပေါင်ပေါက်ပြဲဖူးရောင် နာကျင်ဒဏ်ရာ၊ ဝဲဘက်ဒူးပေါက်ပြဲ ဒဏ်ရာ၊ ဝဲဘက်နားထင်ပေါက် သွေးထွက်ဒဏ်ရာ၊ ဝဲဘက်နားသွေးထွက်ဒဏ်ရာများရရှိပြီး ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသလျက်ရှိပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်၏ ဦးခေါင်းပိန်ချိုင့်ခဲ့၍ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁ဝ သိန်းခန့်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဇော်မိုးသူကို ညောင်လေးပင်မြို့မရဲစခန်းက ယာဉ်(ပ)၃၃/၂ဝ၁၇၊ ပုဒ်မ-၃၃၈ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...