Social Icons

Pages

Friday, June 23, 2017

Y-8 လေယာဉ်ဖြစ်စဉ်၏ ကျန်ရစ်သူမိသားစုများအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အလှူငွေများပေးအပ်လှူဒါန်း


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်ထံ စေတနာရှင်အလှူရှင်တစ်ဦးက အလှူငွေများပေးအပ်လှူဒါန်းစဉ်။

နေပြည်တော် ၂၃-၆-၂၀၁၇

ဇွန် ၇ ရက်မွန်းလွဲပိုင်းတွင် ပျက်ကျသွားသော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါဝင်သွားခဲ့သည့် အရာရှိ၊စစ်သည်၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများ၏ ကျန်ရစ်သူ မိသားစုများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်ကြီးအောင်ဧည့်ရိပ်သာ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်နှင့် တပ်မတော်အရာရှိကြီးများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြ သည်။

ဦးစွာ အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက အလှူငွေများလှူဒါန်းရခြင်း အကြောင်းရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များဖြစ်ကြသည့် ဦးမောင်ကို(ထာဝရအုပ်စုကုမ္ပဏီ)က ငွေကျပ်သိန်း ၅၀၊ ဦးအောင်ဝင်းခိုင် (Royal Hi-Tech)က ငွေကျပ်သိန်း ၂၀၊ ကိုကျော်ကျော်ဝင်း (မင်္ဂလာမန္တလေးကုမ္ပဏီ)က ငွေကျပ်သိန်း ၂၀၊ ဒေါ်စန်းကြူ (ဒုံးပျံဂျုံစက်)က ငွေကျပ်သိန်း ၂၀၊ ဦးအေး (Good Brother ကုမ္ပဏီ)က ငွေကျပ် ၁၅ သိန်း၊ ဦးစန်းကြည်က ငွေကျပ် ၁၀ သိန်း၊ ဦးစိုး(ရွှေဝါတောင်ကုမ္ပဏီ)က ငွေကျပ် ၁၀ သိန်း၊ ဦးအောင်ကျော်ဝင်း (Mother Love ကုမ္ပဏီ)က ငွေကျပ် ၁၀ သိန်း၊ ဦးအားချန် (မဉ္ဇူသာကုမ္ပဏီ)က ငွေကျပ် ၁၀ သိန်း၊ ဦးကျော်ကျော်(Pro-1 ကုမ္ပဏီ) ကငွေကျပ် ၁၀ သိန်း၊ ဦးအောင်ဆန်းဝင်း (အောင်သမာဓိရွှေဆိုင်) က ငွေကျပ် ၁၀ သိန်း၊ ဦးနိုင်ဝင်း(ဟိုတယ်မန္တလေး)က ငွေကျပ် ငါးသိန်း၊ ဦးမင်းနိုင် (ကြယ်စင်မင်းဆောက်လုပ်ရေးကုမ္ပဏီ) က ငွေကျပ်ငါးသိန်း၊ ဦးအားဝေ (နေပြည်တော်ကျောက်မျက်ကုမ္ပဏီ) က ငွေကျပ်ငါးသိန်း၊ ဦးတင်ကိုကို (ရွှေမန်းတောင်ဂေါက်ကွင်း) က ငွေကျပ်ငါးသိန်း၊ ဦးခင်မောင်ဦး (ဇမ္ဗူတလူကုမ္ပဏီ)က ငွေကျပ်ငါးသိန်း၊ ဦးကိုမြင့်နှင့် ဦးကျော်ဝင်း(မန္တလေးတိုင်းဒေသကြီး၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း) က ငွေကျပ်ငါးသိန်း၊ ဦးကျော်ဝင်း (ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့)က ငွေကျပ်ငါးသိန်း၊ စုစုပေါင်း ငွေကျပ်သိန်း ၂၂၀ တို့ကို အသီးသီးပေးအပ် လှူဒါန်းကြရာ တိုင်းမှူးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...