Social Icons

Pages

Tuesday, June 13, 2017

တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျရာ တွင်ပါဝင်ခဲ့သော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများအတွက် အလှူငွေများပေးအပ်လှူဒါန်း


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အလှူငွေများပေးအပ်လှူဒါန်းစဉ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းထံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခေတ္တရဲချုပ်ရဲမှူးချုပ် အောင်ဝင်းဦးက အလှူငွေများ ပေးအပ်လှူဒါန်းစဉ်။

နေပြည်တော် ၁၃-၆-၂၀၁၇

ဇွန် ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါဝင်သွားခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများအတွက် အလှူငွေများပေးအပ် လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်း တွင်နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည်။

အဆိုပါအလှူငွေ ပေးအပ်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အလှူငွေ ၁၂၂ဝဝဝဝ ကျပ်အားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခေတ္တ ရဲချုပ်ရဲမှူးချုပ် အောင်ဝင်းဦးက အလှူငွေကျပ် သိန်း၁၇ဝ အားလည်းကောင်း၊ အသီးသီးပေးအပ်လှူဒါန်းကြရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...