Social Icons

Pages

Wednesday, June 28, 2017

SSA (၀မ်ဟိုင်း) အဖွဲ့ဝင်တစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူ SSA (ဝမ်ဟိုင်း) အဖွဲ့ဝင်တစ်ဦးကို မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

နေပြည်တော် ၂၈-၆-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့၏ အရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ ပန်ခေါက်ဝိုးကျေးရွာအနီး လွိုင်လင်-နမ့်စန်သွားကားလမ်း၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ကယာဉ် ၀င်/ ထွက်မှုများအား စစ်ဆေးလျက်ရှိစဉ် ဇွန် ၂၅ ရက် ညနေ ၅ နာရီခန့်တွင် လွိုင်လင်မြို့ဘက်မှ နမ့်စန်မြို့ဘက်သို့ စိုင်းကျော်ဦး (ဘ) ဦးဖုန်းကျော် မောင်းနှင်လာသည့် ကာဒီးနားအမျိုးအစား မော်တော်ယာဉ် အမှတ် 9F/------ တပ်ဆင်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ရှေ့ခန်း တူးဘောက်အတွင်းမှ အချိုရည်ဘူးခွံအတွင်း ထည့်ထားသည့် ဘိန်းဖြူမှုန့် ၈ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂ သိန်းခန့်) နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် SSA (၀မ်ဟိုင်း) အဖွဲ့၊ ၀မ်ဟိုင်းဌာနချုပ်၌ တပ်သားအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း၊ လက်ရှိတွင် တာဟုန်းတံတား၌ တာဝန်ထမ်းဆောင်လျက် ရှိရာမှ သစ်အရောင်းအ၀ယ် ကိစ္စဖြင့် ကျိုင်းတောင်းမြို့ဘက်သို့ သွားရောက်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား လွိုင်လင်မြို့မ ရဲစခန်း၌တရား ဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...