Social Icons

Pages

Thursday, June 29, 2017

Miss Earth 2017 ပြိုင်ပွဲတွင် အလှမယ် တင်စန္ဒာမျိုး ဝင်ရောက်ယှဉ်ပြိုင်မည်



ရန်ကုန် ၂၉-၆-၂၀၁၇

ယခုနှစ် နိုဝင်ဘာ ၄ရက်မှ စတင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပပြုလုပ်မည့် Miss Earth 2017 အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ်အလှမယ် တင်စန္ဒာမျိုး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

''ပြိုင်ပွဲရဲ့အဓိက ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အတွက်ပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အကျိုးပြုလုပ်ငန်းတွေ၊ ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းစဉ်တွေမှာ အလှ မယ် တွေကကိုယ့် ဒေသကိုယ့်ပတ်ဝန်းကျင် ကိုယ့်နိုင်ငံမှာ တစ်တပ်တစ်အားပါဝင် ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာမှာ ကျင်းပခဲ့တာပါ။ အလှမယ် တင်စန္ဒာမျိုးက နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ Miss Earth Myanmar Organization က ပထမဆုံးအကြိမ် ရွေးချယ်စေလွှတ်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်တာတွေလဲ ကြိုတင်လေ့လာ သင်ယူနေပါတယ်။ ပြိုင်ပွဲအတွက်လိုအပ်တာတွေလဲ စတင်ပြင်ဆင်နေပါပြီ''ဟု Miss Earth Myanmar Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါနိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၈ဝကျော်မှ နိုင်ငံကိုယ်စားပြု အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို (၁၇)ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Miss Earth 2017 အလှမယ်ပြိုင်ပွဲတွင် Evening Gownဝတ်စုံ၊ National Costume, Swimsuit, Talent နှင့် ပြိုင်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...