Social Icons

Pages

Thursday, June 29, 2017

Humanitarian Supermarket ဝက်ဘ်ဒရာမာ ဇာတ်ကား တွင်ခေါင်း ဆောင်မင်း သမီး အဖြစ်ဆိုဂျင် သရုပ်ဆောင်မည်



ဆိုးလ် ၂၉-၆-၂၀၁၇

နာမည်ကျော် Girl's Day အဖွဲ့မှ ဆိုဂျင်သည် ဝက်ဘ်ဒရာမာ ဇာတ်ကားတစ်ကားဖြစ်သည့် Humanitarian Supermarket တွင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

ဆိုဂျင်သည် အဆိုပါဇာတ်လမ်းတွင် လူမှုအဖွဲ့အစည်းနှင့် လူသားချင်း စာနာမှုဆိုင်ရာ ကူအညီပေးသူအမျိုး သမီးတစ်ဦးဖြစ်သည့် ယုံဟီးအဖြစ် ပါဝင်သရုပ်ဆောင် မည်ဖြစ်ကြောင်း DreamT Entertainment ကထုတ်ပြန် ထားသည်။ 

ယင်းဇာတ်လမ်းတွင် ယုံဟီးသည် မိမိမည်သူမည်ဝါ ဖြစ်သည်ကို ဖုံးကွယ်ထားပြီး စီးပွားရေးလုပ်ငန်းငယ် တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဂုဏ်ထူးတန်းကျောင်းသူ တစ်ဦးအဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

မိမိအနေဖြင့် အဆိုပါ ဒရာမာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခွင့် ရသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ယခုကဲ့သို့ ခေါင်းဆောင် မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင် ရခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း၊ ဇာတ်ကား ရိုက်ကူးရန် မျှော်လင့်စောင့် စားမိကြောင်းနှင့် ယင်းဇာတ်ကားတွင် ပါဝင်ရခြင်းဖြင့် သရုပ်ဆောင်ပညာကို လေ့လာခွင့်ရရှိကြောင်း ဆိုဂျင်ကပြောသည်။

Humanitarian Supermarket ဒရာမာဇာတ်ကားကို ဇူလိုင်လလယ်ပိုင်းတွင် ဝက်ဘ်ဒရာမာ ဇာတ်လမ်းများ ထုတ်လုပ်ဖြန့်ချိသည့် ကွန်ရက်တစ်ခုဖြစ်သည့် Naver's TV Cast မှတစ်ဆင့် ဖြန့်ချိတင်ဆက်မည် ဖြစ်ကြောင်းသိရ သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...