Social Icons

Pages

Monday, June 5, 2017

မိုးရွာသွန်းမှုကြောင့် ချင်းတောင်ကားလမ်း ပျက်စီးမှုများပြား၍ ကုန်စည်ပို့ဆောင်ရေး ယာဉ်များစောင့်ဆိုင်းနေရ



တီးတိန် ၅-၆-၂၀၁၇

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသည့် ချင်းပြည်နယ် ရိဒ်နယ်စပ်သွားလမ်းမကြီးသည် မြေပြို၍ လမ်းပျက်မှုများပြားနေ သည့်အတွက် နယ်စပ်သွားခရီးသည်တင်ယာဉ်နှင့် ကုန်စည် ပို့ဆောင်ရေးယာဉ်များ လမ်းခရီးတွင် စောင့်ဆိုင်းရမှုများရှိနေကြောင်း သိရသည်။

တောင်ကုန်းတောင်တန်းများ ဖြင့်ဖွဲ့စည်းထားသည့် ချင်းပြည်နယ်ရှိ တောင်အားလုံးနီးပါးမှာ မြေသားနှင့်သက်နုကျောက်ရော တောင်များဖြစ်သောကြောင့် မြေသားပြိုကျမှု မကြာခဏဖြစ်သဖြင့် ကုန်စည်ပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ ကြရသည်။

ကလေး-တီးတိန်-ရိဒ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ နှစ်စဉ်ပျက်စီးမှုရှိသည့် နေရာများမှာ ကလေး-ဟီယံဇိန်-သိုင်းငင်း ကျေးရွာကြား၊ သိုင်းငင်း-အာလွယ်-ဆိုဇန်ကျေးရွာကြား၊ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းအဝင်ဟိုင်မွာလ်ကျေးရွာဟောင်း ဝန်းကျင်တို့တွင် လမ်းပျက်စီးမှုများကြောင်း ကလေး-ရိဒ်နယ်စပ် ကုန်စည်ပို့ဆောင်ရေး ဇလပ်မြေဟိုင်မွောလ် ဂျစ်ကားအသင်းမှ ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။

''ကျွန်တော်တို့လမ်းဦးစီးဌာနက လမ်းပျက်စီးတဲ့နေရာတွေမှာ စက်ယန္တရားကြီးတွေ ချထားပြီးပြုပြင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ချင်းတောင်ပေါ်မှာက မိုးရက်ဆက်ရွာသွန်းတဲ့အခါ အောက်ခံမြေသားတွေ ခိုင်မာမှု မရှိတဲ့အတွက် မကြာခဏ မြေပြိမှုကြောင့် လမ်းပျက်စီးမှု တွေဖြစ်နေပါတယ်''ဟု တီးတိန်မြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်မြို့နယ်များ ဖြစ်သည့် ကလေး-တီးတိန်-ရိဒ်နယ်စပ်၊ ကလေး-ဖလမ်း-ဟားခါး-ထန်တလန်နှင့် တီးတိန်-တွန်းဇံ- ကျီခါးမြို့တို့၏ ဆက်သွယ်ရေးကားလမ်း များတွင် မိုးဥတုကာလများ၌ နှစ်စဉ်မြေသားပြိုကျမှု များကြောင့် လမ်းများပျက်စီးခြင်း၊ လမ်းများ ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်လေ့ရှိရာ ချင်းတောင်ကားလမ်းများ အပျက်အစီးများ ပြားသောကြောင့် မြေပြိုကျမှုလျော့နည်းစေရန် စက်ယန္တဏ္ဍရားများဖြင့် လမ်းပိုင်းများ အကြီးစား တိုးချဲ့ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...