Social Icons

Pages

Thursday, June 22, 2017

တိုင်းစစ်ဌာနချုပ်အလိုက် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပွဲများပြုလုပ်


အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်ပထမအကြိမ် မိုးရာသီသစ်ပင်စိုက် ပွဲတော်ကျင်းပစဉ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပစဉ်။

နေပြည်တော် ၂၂-၆-၂၀၁၇

မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေး တို့အတွက် တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်မိုးရာသီတွင် ရတနာတန်းဝင် ပင်များ၊ နှစ်ရှည်သီးနှံပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးခြင်း၊ စိုက်ပျိုးခဲ့သည့် အပင်များအား ရှင်သန်ဖြစ်ထွန်းစေရေးနှင့် ပြုန်းတီးမှုမရှိစေရေးအတွက် ပြုစုထိန်းသိမ်းခြင်းတို့ကို တိုင်းစစ်ဌာနချုပ်အလိုက် တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပွဲတော်အဖြစ် ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ကျွန်းပင်၊ မဲဇလီပင်၊ ရေသင်းဝင်ပင်၊ ထင်းရှူးပင်၊ ပိတောက်ပင်၊ ထောပတ်ပင်၊ လိုက်ချီးပင်နှင့် မန်ကျည်းပင် စုစုပေါင်း ၁၀၈၅၈ ပင်ကို တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်များ၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၃၈၂၆၃ ပင်ကို တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်များ၌ လည်းကောင်း အသီးသီးစိုက်ပျိုးကြရာ တိုင်းစစ်ဌာနချုပ်များမှတိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...