Social Icons

Pages

Friday, June 2, 2017

အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား အစဉ်တိုးမြှင့်၊ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui တို့ 
ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူစဉ်။ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui တို့အား 
ဂုဏ်ပြုတပ်ဖွဲ့ကချီတက်အလေးပြုစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂-၆-၂၀၁၇

သမိုင်းအစဉ်အလာအရ မြန်မာ-တရုတ်နှစ်နိုင်ငံသည် အစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ တပ်မတော်ချင်း ချစ်ကြည်ရင်းနှီးမှု များစွာရှိကြောင်း၊ အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို အစဉ်တိုးမြှင့် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရန် အခွင့်အလမ်းကောင်းများကိုလည်း ဖော်ဆောင်လျက်ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ပူးတွဲ စစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ပူးတွဲ စစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ ၎င်းနောက် ဂုဏ်ပြုတပ်ဖွဲ့က အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည် အခမ်းအနားတက်ရောက် လာကြသော နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများကို အပြန်အလှန် မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang ၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဒုတိယကြည်းတပ်ဦးစီးချုပ်၊ ဒုတိယရေတပ်ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။

ထို့နောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ဦးစွာဧည့်သည်တော် စစ်ဦးစီးချုပ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်ပြည် ချစ်ကြည်ရေးခရီးစဉ်တွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့မှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ စစ်ရေယာဉ်များ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့မှု၊ နှစ်နိုင်ငံ တပ်မတော်အကြီးအကဲများ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ လာရောက်ခြင်းဖြင့် မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးတွင် အပြန်အလှန်ယုံကြည်မှု မြှင့်တင်နိုင်ပြီး နှစ်နိုင်ငံ၏ အကျိုးစီးပွားကို ထိန်းသိမ်းလုပ်ဆောင်နိုင်မှု၊ တပ်မတော်သားများ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးအတွက် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဒေသတွင်းတည်ငြိမ် အေးချမ်းမှုကို အထောက်အကူ ဖြစ်စေသည့် အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးနှင့် နိုင်ငံတကာ ဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကူညီဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အကြား ၂+၂ အစည်းအဝေးများ ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံ၍ အပြန်အလှန်ယုံကြည်ချက်နှင့် သဘောတူညီချက်များ ရရှိအောင် မြှင့်တင်လုပ်ဆောင်ရေး၊ တပ်မတော်နှစ်ရပ် အကြားအောက်ခြေ အဆင့် သာမက မဟာဗျူဟာအဆင့်ပါ ပုံမှန်တွေ့ဆုံဆွေးနွေးမှု၊ အရေးပေါ် ကိစ္စရပ်များအတွက် တွေ့ဆုံညှိနှိုင်းမှုများဖြင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မှုကို ရှောင်ရှားနိုင်မှု အခြေအနေများ၊ နယ်စပ်ဒေသတွင် စစ်ရေးလှုပ်ရှားမှု များကို ထိန်းသိမ်းလုပ်ဆောင် ခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဆွေတော်၏ မြန်မာ-တရုတ် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် အကြံပြုဆွေးနွေး ချက်များကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ယင်းဆွေးနွေးချက်၊ အကြံပြုချက်များအပေါ် ဆက်လက်၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြား၍ မြန်မာ-တရုတ် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ခိုင်မြဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်အနေဖြင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို နိုင်ငံရေးဦးတည်ချက် အဖြစ်ချမှတ်၍ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးရရှိအောင် ဦးစားပေးဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးတွင် ထူးခြားချက်အနေဖြင့် တရုတ်နိုင်ငံ၏ ညှိနှိုင်းပေးမှုအရ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ချို့နှင့် ၂၀၁၂ ခုနှစ်နောက်ပိုင်း လက်နက်ကိုင်လမ်းစဉ်ကို ဆောင်ရွက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ တက်ရောက်ခဲ့မှု၊ ယင်းအဖွဲ့များနှင့် ဆက်လက် ဆွေးနွေး ညှိနှိုင်းရန်လိုအပ်မှု၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လက်မှတ်ရေးထိုးပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းလျှောက်လှမ်း နေပြီဖြစ်သည့် NCA လမ်းကြောင်းပေါ်တွင် လိုက်ပါရန်လိုအပ်မှု၊ လုံခြုံရေးနှင့်တည်ငြိမ် အေးချမ်းရေးသည် မဟာဗျူဟာမိတ်ဘက် နိုင်ငံဖြစ်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံလုံးအတွက် အပြန်အလှန်အားဖြင့် အရေးပါလိုအပ်မှု၊ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် သတင်းဖလှယ်မှု လေ့ကျင့် ရေးသင်တန်းများ၊ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ၊ အားကစား၊ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများ နှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ထို့အတူယနေ့ နေ့လယ်ပိုင်းတွင်လည်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ သူရဲကောင်းဗိမာန် သို့သွားရောက်၍ အထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများကို အလေးပြုပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...