Social Icons

Pages

Thursday, June 22, 2017

အပ်နှံထားသော ၁၉၉၅ မော်ဒယ်အောက် ယာဉ်အစီးရေ ၂ဝဝဝ ကျော်ရှိလာ



ရန်ကုန် ၂၂-၆-၂၀၁၇

ယခင်ခရီးသည်တင် ယာဉ်အဖြစ် လိုင်းဝင်ပြေးဆွဲခဲ့သော ၁၉၉၅ မော်ဒယ်အောက် ယာဉ်များအပ်နှံမှုကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အစီးရေ ၂ဝဝဝ ကျော် အပ်နှံ ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ရွာသာကြီး)မှ သိရသည်။

အဆိုပါယာဉ်များကို ယခင်က ခရီးသည် တင်ဆောင်ပြေးဆွဲခွင့် ပြုခဲ့သော်လည်း ပြောင်းလဲလိုက်သော ခရီးသည်ပို့ဆောင်ရေးစနစ်အရ ကာလအတိုင်းအတာများဖြင့် ကန့်သတ်၍ ဖယ်ရှားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
''ဘတ်စ်တွေအပ်ရင် အမျိုးအစားတူ ယာဉ်ကိုပဲ ပြန်သွင်းခွင့်ကို အရင်ကပေးခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ ယာဉ်ပိုင်ရှင်တွေ အတွက်လည်း နစ်နာမှုမရှိအောင်၊ လူစီးစလစ်ထုတ်ချင်ရင် ထုတ်လို့ရအောင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအမံနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ်များကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ကတည်းက စတင်၍ အပ်နှံမှုကို လက်ခံဆောင်ရွက်ပေးနေပြီး လူစီးစလစ်ထုတ်လိုပါက ရရှိအောင် စီမံဆောင်ရွက်ပေးနေခြင်း လည်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က-ည-န)သို့ ယာဉ်အပ်နှံရန် ပေးပို့ထားသော စာရင်းများအရ ခရီးသည်တင်ယာဉ်အစီး ရေ ၃၁၁၇ စီးရှိနေပြီး ယခုအချိန်ထိ အစီးရေ ၂ဝဝဝ ကျော်မှာ အပ်နှံထားပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့အပ်နှံထားသော ယာဉ်အများစုမှာ ဒိုင်နာအစီးရေ ၁ဝဝဝ ကျော်၊ City Bus အစီးရေ ၇ဝဝ ဝန်းကျင်၊ BM အစီးရေ ၃ဝဝ ကျော်၊ Mini Bus ၁၄ဝ ကျော်၊ Pick Up ၁ဝ စီးစသည်ဖြင့် ပါဝင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...