Social Icons

Pages

Monday, May 8, 2017

TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့သည့် နေရာအနီး၌ ဒုံးသီး ၁ လုံးအားတွေ့ရှိရကြောင်း ဒေသခံပြည်သူများ၏ လာရောက်သတင်းပို့ချက် ရရှိသဖြင့် တပ်မတော်မှသွားရောက် ရှင်းလင်း


TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ပစ်ခတ်ခဲ့သည့် အာပီဂျီဒုံးသီးတစ်လုံး (မကွဲ) အား စစ်မြေပြင်အင်ဂျင်နီယာတပ်မှ စနစ်တကျရှင်းလင်းပေးစဉ်။

TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်ခဲ့သည့် အာပီဂျီသီးတစ်လုံး (မကွဲ) ကို တွေ့ရစဉ်။

နေပြည်တော် ၈-၅-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ် ၁ လုံးပေါ်သို့ မေ ၅ ရက် ည ၁၀ နာရီခန့်တွင် ပန်ထိုလင်ကျေးရွာ တစ်ဝိုက်မှ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ပစ်ခတ်ခဲ့သည့် ဗုံးသီး ၁ လုံးကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူ ၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း ယနေ့ထုတ်မြ၀တီသတင်း စာတွင် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအနီးတွင် ဒုံးသီးတစ်လုံးအား တွေ့ရှိရကြောင်း မေ ၆ ရက် ည ၉ နာရီခွဲခန့်တွင် ဒေသခံပြည်သူများ၏ လာရောက် သတင်းပို့ချက်အရ တပ်မတော်စစ်ကြောင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေအိမ်၏ တောင်ဘက် ပေ ၅၀ ခန့်အကွာတောစပ်၌ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်ခဲ့သည့် အာပီဂျီဒုံးသီး ၁ လုံး(မကွဲ)အား တွေ့ရှိခဲ့သည်။

၎င်းဒုံးသီးအား စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျရှင်းလင်း၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...