Social Icons

Pages

Tuesday, May 9, 2017

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့် (PR) ကို သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက်လျှောက်ထား နိုင်တော့မည်



ရန်ကုန် ၉-၅-၂၀၁၇

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့် (PR) ကို သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက်လျှောက် ထားနိုင်ရန် လုပ်ဆောင်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ထံမှ သိရသည်။

ယင်းကဲ့သို့ အမြဲတမ်းနေထိုင် ခွင့်လျှောက်ထားရာတွင် ယခင်က ရန်ကုန်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ရုံးခွဲများ၌ သွားရောက် လျှောက်ထားရပြီး စရိတ်ကုန်ကျမှု များရှိကြောင်း၊ ယင်းအတွက် ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက် လျှောက်ထား နိုင်စေရေး လိုအပ်သောနည်း ဥပဒေများ ဖြည့်စွက်ရန် စီစဉ်ထားကြောင်း သိရသည်။ 

နိုင်ငံခြားသားများ အနေဖြင့် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားရာတွင် ပေးသွင်းရသည့် အမေရိကန်ဒေါ်လာ ၅ဝဝကို မြန်မာသံရုံးများ၌ ပေးသွင်းနိုင်စေရန် ဖြေလျှော့မှုများလည်း စီစဉ်ဆောင်ရွက် လျက်ရှိသည်။

ယင်းအတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအနေဖြင့် နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့် (PR) နှင့်ပတ်သက်၍ နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီက အဓိကဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၆ ခုနှစ် မတ်လအထိ အမြဲတမ်းနေထိုင်ခွင့်လျှောက် ထားသူ နိုင်ငံခြားသား ၁၈၈ ဦးရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့်ရရန်ခွင့်ပြု ပေးခဲ့သည့်ဦးရေမှာ ၁၄၃ ဦးအထိရှိခဲ့သည်။ လက်ရှိတွင် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ နိုင်ငံခြားသား ၅၅ ဦးရှိသည့် အနက် ၂၈ ဦးကို ခွင့်ပြုပေးရန် စီစဉ်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...