Social Icons

Pages

Tuesday, May 9, 2017

အဝေးပြေးကုန်တင်ယာဉ် ရှားပါးလာသောကြောင့် မူဆယ်-မန္တလေး အဝေးပြေး ကုန်တင်ကားခများ နှစ်ရက်အတွင်း ဈေးမြင့်တက်



မူဆယ် ၉-၅-၂၀၁၇

အဝေးပြေး ကုန်တင်ယာဉ် ရှားပါးလာသောကြောင့် မူဆယ်မန္တလေး အဝေးပြေး ကုန်တင်ကားခများ နှစ်ရက်အတွင်း ဈေးမြင့်တက် သွားကြောင်း မူဆယ်အဝေးပြေး ကုန်တင်ယာဉ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''ဈေးတက်သွား တာကတော့ တစ်ရက်၊ နှစ်ရက်လောက်ပဲ ရှိသေးတယ်။ မန္တလေးဘက်က အတက်ကား နည်းနည်း နည်းသွားတယ်။ နောက်တက်လာ တဲ့ကားတွေကလဲ ဒီမှာကုန်ချတာ နဲ့ဆိုတော့ ချက်ချင်း ပြန်မထွက် နိုင်ကြဘူး။ မူဆယ်ဘက်ကလဲ ချက်ချင်းဆင်းဖို့ လိုအပ်နေတော့ ရှိတဲ့ကားတွေနဲ့ ဆွဲနေရတယ်။ ဒါ့ပြင် မူဆယ်ဘက်က ပို့ကုန်ကလဲ အဝယ်လိုက်နေတာ လဲပါမယ်''ဟု မူဆယ်-မန္တလေး အဝေးပြေးကုန်တင် ယာဉ်လုပ်ငန်းရှင် ဦးတင်ဦးက ပြောပြသည်။

မူဆယ်မှ မန္တလေးသို့ ပြေးဆွဲ လျက်ရှိသည့် အဝေးပြေးကုန်တင် ယာဉ်ကားခများသည် မေ ၁ရက်မှ ၅ရက်ထိ ၁၂ဘီး ကုန်တင်ယာဉ် (တွဲကား)တစ်စီးလျှင် ငွေကျပ် ခုနစ်သိန်းကျော် ခန့်သာရှိခဲ့ သော်လည်း မေ ၇ရက်မှစ၍ ၁၂ဘီးကုန်တင်ယာဉ် (တွဲကား) တစ်စီးလျှင် ငွေကျပ် ရှစ်သိန်းမှ ရှစ်သိန်း ငါးသောင်းခန့်ထိ ဈေးပေါက် နေကြောင်း မူဆယ် အဝေးပြေးကုန် တင်ယာဉ်လုပ်ငန်းရှင် များအသင်းမှ ဦးနှင်းလှိုင်က ပြောပြသည်။

ယခုရက်ပိုင်းတွင် မူဆယ်မှ မန္တလေးသို့ လျှပ်စစ်ပစ္စည်းများ၊ သံထည်ပစ္စည်းများ အများဆုံး ပို့ဆောင်နေရပြီး နေ့စဉ် ကုန်တင် ယာဉ်အစီးရေ ၆ဝဝကျော်ထိ ပြေးဆွဲနေရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...