Social Icons

Pages

Friday, May 12, 2017

လေကြောင်းလူငယ်တန်းမြင့်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ CH-601 လေယာဉ်များနှင့် Mi-17 ရဟတ်ယာဉ်တို့ဖြင့် လက်တွေ့လိုက်ပါလေ့ကျင့်


လေကြောင်း လူငယ်တန်းမြင့် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများကို CH-601 လယာဉ်များဖြင့် လက်တွေ့လိုက်ပါပျံသန်းမှုများ လေ့ကျင့် သင်ကြားပေးစဉ်။

နေပြည်တော် ၁၂-၅-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ဖွင့်လှစ်ထားရှိသည့် လေကြောင်းလူငယ်တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၁၇) မှ သင်တန်းသား၊ သင်တန်းသူများအား လေယာဉ်ပျံသန်းမှု အတွေ့အကြုံ ရရှိစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လက်တွေ့လိုက်ပါ ပျံသန်းမှုများ လေ့ကျင့်သင်ကြား ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်၊ မှော်ဘီ လေတပ်ဆွယ်၌ CH-601 လေယာဉ်များနှင့် Mi-17 ရဟတ်ယာဉ်တို့ဖြင့် လက်တွေ့လိုက်ပါပျံသန်းမှုများ ပြုလုပ်ပေးသည်။

လေ့ကျင့်ပျံသန်းရာတွင် သင်တန်းသားများကို CH-601 လေယာဉ်များနှင့် Mi-17 ရဟတ်ယာဉ် တို့တွင်လိုက်ပါစီးနင်းစေပြီး လေကြောင်းဆိုင်ရာအတွေ့အကြုံများနှင့် ပျံသန်းမှုများ ကိုလေသူရဲများက ရှင်းလင်းပြသပေး ခဲ့ကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...