Social Icons

Pages

Friday, May 12, 2017

နိုင်ငံတကာက စိတ်ဝင်စားပြီး ပြည်ပဈေးကွက်တည်ငြိမ်မှုကြောင့် ချောင်းဦးမြို့နယ်တွင် စိန်တလုံးသရက် စိုက်ပျိုးမှုများပြားလာ



ချောင်းဦး ၁၂-၅-၂၀၁၇

ချောင်းဦးမြို့နယ် ကျေးလက်ဒေသ များတွင် ယခင်က စိန်တလုံးသရက်မျိုး စိုက်ပျိုးကြသည့် ဒေသမဟုတ်သော်လည်း ယခုနှစ်တွင် ၎င်းသရက်မျိုးကို နိုင်ငံတကာက စိတ်ဝင်စားပြီး ပြည်ပဈေးကွက် တည်ငြိမ်မှုကြောင့် စိန်တလုံးသရက်မျိုးကို ဧကအများအပြား စိုက်ပျိုးလာကြောင်း ချောင်းဦးမြို့နယ် စိန်တလုံးသရက် စိုက်ပျိုးရောင်းချသူ များထံမှ သိရသည်။

စိန်တလုံး သရက်မျိုးကို လက်ရှိမူဆယ် သစ်သီးပွဲရုံများမှ တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့ရောင်းချ နေသည့်အပြင် စင်ကာပူနိုင်ငံ၊ ရုရှားနိုင်ငံတို့ကပါ စိတ်ဝင်စားလာကြသဖြင့် လာမည့်ရာသီချိန် တွင်လည်း စိန်တလုံး သရက်ဈေးကွက် အလားအလာ ကောင်းနိုင်သောကြောင့် ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာတို့မှ ဒေသခံစိန်တလုံး သရက်စိုက်သူတစ်ဦးလျှင် အနည်းဆုံး ဆယ်ဧကထိ စိုက်ပျိုးလျက်ရှိပြီး အချို့ကျေးရွာများတွင် နှစ်ဧက၊ သုံးဧကထိ အသီးသီးစိုက်ပျိုး လျက်ရှိသည်။

အဆိုပါကျေးရွာများတွင် စိန်တလုံး သရက်မျိုးကို စိုက်ပျိုးရောင်းချရုံမက မျိုးစေ့ကိုလည်း အစေ့မျိုးနှင့် ကိုင်းကူးမျိုး ဟူ၍ နှစ်မျိုးခွဲကာ ကလေးဝ၊ ခန္တီး၊ ဟုမ္မလင်း၊ မြောင်၊ မြိုင်၊ မကွေးမြို့နယ် တို့သို့လည်း ၎င်းစိန်တလုံး သရက်မျိုးပင်များကို ယခုလပိုင်းအတွင်း တစ်နေ့လျှင် ရာဂဏန်းမှ ထောင်ဂဏန်းထိ တင်ပို့ရောင်း ချနေရသည်။

ထိုသို့ ရောင်းချရာတွင် အစေ့ပျိုး ပင်တစ်နှစ်သား တစ်ပင်လျှင် ငွေကျပ် ၇ဝဝမှ ငွေကျပ် ၁ဝဝဝထိ ဈေးနှုန်းရှိပြီး ကိုင်းကူးမျိုး လေးပေအမြင့် တစ်ပင်လျှင် ငွေကျပ် ၅ဝဝဝ ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသည်။ထို့ပြင် အသီးဈေးနှုန်းမှာ အောက်စတစ်လုံးလျှင် ငွေကျပ် ၂ဝဝမှ ငွေကျပ် ၅ဝဝထိ ဖောက်သည်ဈေးနှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...