အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ် INS Rajput (D 51) ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက်စဉ်။
နေပြည်တော် ၁၂-၅-၂၀၁၇
အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်မှူးဖြစ်သူ Capt.RIZWAN ALI SHAH ဦးဆောင်သော စစ်ရေယာဉ် INS Rajput (D 51) သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလည်ပတ်ရန်အတွက် ယနေ့ညနေ၃ နာရီ ၁ဝ မိနစ်တွင် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက် ကြသည်။
အဆိုပါစစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူးဖြစ်သူ Capt.RIZWAN ALI SHAH ဦးဆောင်သော အရာရှိ ၃၁ ဦး၊ စစ်သည် ၂၃၂ ဦးလိုက် ပါလာပြီး မြန်မာနိုင်ငံ၌ မေ ၁၃ ရက်အထိ သုံးရက်ကြာနေထိုင်၍ လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment