တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများက ဖိလစ်ပိုင်နိုင်ငံ၊ Ninoy Aquino လေဆိပ်၌ကြိုဆိုကြစဉ်။
နေပြည်တော် ၁၇-၅-၂၀၁၇
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပပြုလုပ်မည့် (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) တက်ရောက်ရန် အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီ ၅ဝ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့ပြီး ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ၊ Ninoy Aquino လေဆိပ်သို့ ရောက်ရှိကြသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ အားဖိလစ်ပိုင် တပ်မတော်မှ Brigadier General Pedro A Sumayo နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံစစ်သံမှူး Colonel Vincete Mark P.Blanco III နှင့် ဖိလစ်ပိုင်တပ်မတော်မှ အရာရှိကြီးများ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝင်းနိုင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ဝင်းမြတ်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ် ဆက်ခဲ့ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် Sofitel Hotel သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment