Social Icons

Pages

Wednesday, May 17, 2017

ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအတွင်း ကျန်းမာရေးစောင့်ရှောက် မှုဆောင်ရွက်


နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော် နယ်လှည့်ဆေးကုသရေးအဖွဲ့က သုဇနကာရီနယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတသာသနာပြုကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၁၇-၅-၂၀၁၇

နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၃၇ဝ ဦးတို့ကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ သုဇနကာရီနယ်စပ်ဒေသ တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေး ပရဟိတ သာသနာပြုကျောင်း၌ ကျန်းမာရေးစစ်ဆေး ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသ ရန်လိုအပ်သော လူနာခုနစ်ဦးအား ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး ပရဟိတသာသနာ ပြုကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုဇနအား ဖူးမြော်၍ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...