Social Icons

Pages

Monday, May 15, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လားရှိုးမြို့ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသ လျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ဆုံအားပေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံတွင်
                             ဆေးကုသမှုခံယူနေသူများအား အားပေးစကားပြောကြားစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ အမျိုးသမီး ကုသဆောင်တွင် ဆေးကသုမှု ခံယူနေသူများအား လက်ဆောင်ပစ္စည်းများပေးအပ်စဉ်။

နေပြည်တော် ၁၅-၅-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည် မိသားစုများအား သွားရောက် ကြည့်ရှုအားပေးသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ကုသလျက်ရှိသော ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ၍ တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆေးဝါးကုသမှု အခြေအနေများ၊ လိုအပ်ချက်များအား မေးမြန်း၍ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက်ဆေးရုံ တက်ရောက်နေသူ အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေး အခြေအနေနှင့် ဆေးဝါးကုသမှု အခြေအနေများအား လိုက်လံကြည့်ရှု၍ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်သည်။ ဆက်လက်ပြီး ဆေးရုံတိုးချဲ့ဆောင်အတွင်း CT Scan တပ်ဆင်ထားရှိမှုနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ နှင့်အဖွဲ့သည် အမျိုးသမီး ကုသဆောင်တွင် တက်ရောက်ကုသမှု ခံယူနေသည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တစ်ဦးချင်းရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ယနေ့တွင် အဆိုပါ တပ်မတော်ဆေးရုံ၌ မွေးဖွားခဲ့သည့် မိခင်နှင့်ကလေး တို့အားလည်း ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...