Social Icons

Pages

Monday, May 15, 2017

အငြိမ်းစားလစာများကို မိုလ်ဘိုင်းလ်ဖုန်းဖြင့် ထုတ်ယူနိုင်သည့် Mobile Payment လုပ်ငန်းဆောင်ရွက်လျက်ရှိ



နေပြည်တော် ၁၅-၅-၂၀၁၇

MPT,MECTel Sim Card အသုံးပြုသူ အငြိမ်းစားများ၏ အငြိမ်းစားလစာများကို မိုဘိုင်းလ်ဖုန်း ဖြင့်ထုတ်ယူ နိုင်သည့် Mobile Payment ဝန်ဆောင်မှု လုပ်ငန်းကို မြန်မာ့စီးပွားရေး ဘဏ်နှင့် မြန်မာ့စီးပွားရေးကော်
ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက် Myanmar Mobile Money(MMM) တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိသည်။

အငြိမ်းစားများသည် မိုဘိုင်းလ် ဝန်ဆောင်မှုစနစ် ချိတ်ဆက်ထားပြီး ဘဏ်သို့စဉ်ဆက် မပြတ်ဆောင်ရွက်ရန် Standing Instruction ပေးထားခြင်းဖြင့် ဘဏ်သို့ အကြိမ်ကြိမ်လာရောက် ရန်မလိုဘဲ ကိုယ်တိုင်အငြိမ်းစားလစာထုတ်ယူ ခြင်းဖြစ်ပါက ခြောက်လတစ်ကြိမ်၊ မိသားစုအငြိမ်းစား လစာထုတ်ယူခြင်း ဖြစ်ပါက သုံးလတစ်ကြိမ် လူတွေ့စစ်ဆေးခံကာ နီးစပ်ရာမြန်မာ့ စီးပွားရေးဘဏ် ခရိုင်၊ မြို့နယ်ဘဏ်ခွဲပေါင်း ၂၆၂ ဘဏ်ရှိ Point of Sale (POS) စက်တွင်လည်းကောင်း သို့မဟုတ် MMM က ခန့်အပ်ထားသော ပြင်ပအေးဂျင့်များရှိ POS စက်တွင် လည်းကောင်း လွယ်ကူအဆင်ပြေစွာ အငြိမ်းစားလစာ ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...