Social Icons

Pages

Tuesday, May 2, 2017

သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန်အတွက် ဒုတိယအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်း


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်
ကြီး တည်ဆောက်ရန်အတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် အမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုမှ အလှူငွေကျပ် သိန်း ၁ဝဝ ပေးအပ်လှူဒါန်းရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောက လက်ခံရယူစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရွှေတောင်ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၅ဝဝ ပေးအပ်လှူဒါန်းစဉ်။

နေပြည်တော် ၂-၅-၂၀၁၇

ယခုကဲ့သို့ သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ခြင်းမှာ ဗုဒ္ဓဘာသာတည်တံ့ ခိုင်မြဲရေးအတွက် အုတ်မြစ်ချ ပေးခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့၏ဘာသာသာသနာ သန့်သန့်ရှင်းရှင်း တည်တည်တံ့တံ့ဖြစ်စေရန်၊ ထာဝရ ထွန်းလင်းတောက်ပ နေစေရန် လုပ်ဆောင်ခြင်းဖြစ်၍ သန့်ရှင်းသည့် ကုသိုလ်ကောင်းမှု ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ၀တ္တကမြေအတွင်း၌ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက ဆောက်လုပ်လှူဒါန်းသည့် သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန်အတွက် ဒုတိယအကြိမ်အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါအခမ်းအနား သို့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အလှူရှင်များ တက်ရောက်ကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းမှုနှင့် ပတ်သက်၍ အမှာစကားပြောကြား ရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန် အတွက်လိုအပ်နေချိန်၌ မိမိတို့အလှူရှင်များ အနေဖြင့် သာသနာရေးဆိုင်ရာ အဆောက်အဦ ဆောက်လုပ်လှူဒါန်း ရန်အတွက် ဆရာတော်ကြီးများထံ လျှောက်ထား၍ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြောက်ပိုင်း ခရိုင်တွင် နှစ်စဉ်စာဖြေသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအနေဖြင့် အဘိဓမ္မာနှင့် ၀ိသုဒ္ဓိမဂ် စာမေးပွဲဖြေဆိုသူ ၄၄၀ ကျော်၊ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုသူ ၅၀၀ ကျော်၊ ပါဋိပထမပြန် စာမေးပွဲဖြေဆိုသူ ၂၂၀၀ ကျော်၊ နိကာယ် ၅ ရပ်စာမေးပွဲဖြေဆိုသူ ၂၀၀ နှင့် ၃၀၀ အကြားတွင်ရှိသည်ဟု သိရှိရပါကြောင်း၊ ဗိမာန်တော်ကြီးပြီးစီးပါက အဆိုပါစာပြန်ပွဲများ ကျင်းပခြင်းအပြင် ဘာသာရေး သာသနာရေးဆိုင်ရာ အခမ်းအနားများဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ အဆောက်အဦ၏ ပုံစံနှင့်ပက်သက်၍လည်း အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ သြ၀ါဒခံယူ လုပ်ဆောင်ခဲ့ကြောင်း၊ သာသနာ့ဗိမာန်တော်ကြီး၏ ပန္နက်တော်တင် မင်္ဂလာတွင်လည်း နိုင်ငံတော်မဟာသံဃနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီး ကိုယ်တိုင်ကြွရောက်ချီးမြှင့်၍ လောကချမ်းသာအဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီး အနီးတွင်ရှိသည့်အတွက် သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန်တော်ကြီးဟု အမည်ရွေးချယ် ပေးခဲ့ကြောင်း၊ သာသနာ့ဗိမာန်တော် တည်ဆောက်ခြင်းသည် သန့်ရှင်းသည့်ကုသိုလ်နှင့် အုတ်မြစ်ချပေးခြင်းဖြစ်၍ ကုသိုလ်များစွာ ရရှိစေကြောင်းနှင့် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ မိသားစုမှ အလှူငွေကျပ်သိန်း ၁၀၀ အားပေးအပ်လှူဒါန်းရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက လက်ခံရယူသည်။ထို့နောက် သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ရန်အတွက် ဒုတိယသမ္မတဦးမြင့်ဆွေ မိသားစုမှ အလှူငွေကျပ်သိန်း ၃၄၀ အားလည်ေးကာင်း၊ ရွှေတောင်ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၅၀၀ အားလည်းကောင်း ၊ Mother Industrial Co,Ltd မှ ငွေကျပ်သိန်း ၃၅၀ အားလည်းကောင်း၊ အနာဂါတ်အလင်းတန်း ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ ထူးဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ ကွန်းခိုရာဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ နေကမ္ဘာမြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ Amazing Group မှငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ ကြယ်နီလာကုမ္ပဏီမှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ အောင်မြင်သူကုမ္ပဏီမှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ Sky One Co,Ltd မှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ K T Development မှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ Authentic Co.Ltd မှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ IGE မျှဝေသောလက်များ ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ နောင်တုံကုမ္ပဏီမှငွေကျပ်သိန်း ၁၀၀ အားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူသည်။

ဆက်လက်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ငွေကျပ်သိန်း ၃၅၀၊ ကြေးနီသတ္ထုတွင်းလုပ်ငန်း (မုံရွာ)မှ ငွေကျပ်သိန်း ၁၅၀ အားလည်းကောင်း၊ Victory Myanmar Group Co. Ltd နှင့် Concord Industries LTD မှ ငွေကျပ် ၁၂၃ သိန်းအားလည်းကောင်း၊ Myanmar Brewery Ltd မှ ငွေကျပ် သိန်း ၁၀၀ အား လည်းကောင်း၊ ကုမ္ပဏီ ၁၀ ခုမှ ငွေကျပ်သိန်း ၃၄၀ အားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက လက်ခံရယူသည်။

ထို့နောက် နန်းသဇင် (ရန်ကုန်) ကုမ္ပဏီမှ ငွေကျပ် ၁၁၀ သိန်းအားလည်းကောင်း၊ ဓနထွန်းကုမ္ပဏီနှင့် သံလွင်-မြန်မာ (မန္တလေး) ကုမ္ပဏီမှ ငွေကျပ် သိန်း ၈၀ အားလည်းကောင်း၊ ကုမ္ပဏီ ၁၀ ခုမှ ငွေကျပ် သိန်း ၁၂၀ အားလည်းကောင်း အသီးသီးပေး အပ်လှူဒါန်းရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လက်ခံရယူသည်။

၎င်းနောက် ဥက္ကာသီရိကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၁၀၀ အားလည်းကောင်း၊ Chan Hein Co.Ltd မှ ငွေကျပ်သိန်း ၁၀၀ အားလည်းကောင်း၊ ကုမ္ပဏီ ၉ ခုမှ ငွေကျပ်သိန်း ၂၅၀ အားလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က လက်ခံရယူသည်။

ယင်းနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ငွေကျပ်သိန်း ၁၀၀ အားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့နှင့် ကုမ္ပဏီ ၁၀ ခုမှ ငွေကျပ် ၇၀၃ သိန်းအား လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အလှူရှင်များက အသီးသီး ပေးအပ်လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက လက်ခံရယူသည်။

ဆက်လက်ပြီး မြင့်တက်ကုမ္ပဏီမှ ငွေကျပ်သိန်း ၁၀၀ အားလည်းကောင်း၊ အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့နှင့် ကုမ္ပဏီ ၁၀ ခုမှ လှူဒါန်းသည့် ငွေကျပ် ၁၉၁ သိန်းကျော်အား လည်းကောင်း စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက လက်ခံရယူသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များက အခမ်းအနား တက်ရောက် လာကြသည့် အလှူရှင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ရန် လျာထားဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုကြသည်။

အဆိုပါ သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန် တော်ကြီးအတွက် ယနေ့ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲတွင် အလှူရှင်များ၏ လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ်သိန်း ၇၃၉၀ ကျော်ဖြစ်ပြီး ပထမအကြိမ်အပါအ၀င် လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ် ၉၂၉၀ သိန်းကျော်ဖြစ်ကြောင်း သိရှိရသည်။

ယခုဆောက် လုပ်နေသည့် သာသနာ့ဗိမာန် တော်ကြီးသည်အလျား ၁၈၆ ပေ၊ အနံ ၇၂ ပေရှိ နှစ်ထပ် အဆောက်အဦဖြစ်ပြီး အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော် မြတ်ကြီးနှင့် ကပ်လျက် ၀တ္တကမြေ အတွင်း၌ တည်ဆောက်နေခြင်း ဖြစ်ပါသည်။ အဆိုပါ ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးပါက ရန်ကုန်မြောက်ပိုင်း ခရိုင်အတွင်း သံဃာတော်များ စာပြန်ပွဲ ကျင်းပခြင်းများ၊ ဘာသာရေး သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပခြင်းများအား အဆင်ပြေ ချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...