Social Icons

Pages

Monday, May 8, 2017

ပုဂံဒေသ ဗူးဘုရားရေဆိပ်တွင် ရေယာဉ်အစီးရေ များပြားလာသောကြောင့် ငှားရမ်းစီးသူနှင့် ရေယာဉ်မညီမျှမှု ဖြစ်ပေါ်လျက်ရှိ



ညောင်ဦး ၈-၅-၂၀၁၇

ယခုအခါ ညောင်ဦးမြို့နယ် ပုဂံဒေသသို့ ဘုရားဖူးသွားရောက် ကြသော ပြည်သူများ အနေဖြင့် ပုဂံဒေသရှိ ဗူးဘုရား ရေဆိပ်မှတစ်ဖက် ကမ်းရှိတန့်ကြည့်တောင်သို့ စီးလုံးငှား ရေယာဉ်တစ်စီးလျှင် အသွား၊အပြန် ငွေကျပ်နှစ်သောင်း ခန့်ငှားရမ်းခရှိသည်။ ယခုအခါ ရေဆိပ်တွင် ရေယာဉ်အစီးရေ အဆမတန် များပြားလာသောကြောင့် ငှားရမ်းစီးသူနှင့် ရေယာဉ်မညီမျှမှု ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါဆိပ်ကမ်းရှိ ရေယာဉ်လုပ်သား များထံမှ သိရသည်။

''အရင်တုန်းက ရေဆိပ်မှာ ရေယာဉ်အင်အားက နည်းသေးတော့ နေ့စဉ်ပုံမှန် အလှည့်ကျ ထွက်နေရတယ်။ အခုရေယာဉ်အစီး ပေါင်းနှစ်ရာကျော် လောက်ထိ ဖြစ်လာတော့ ခရီးသည်က နည်းပြီး ရေယာဉ်တွေ ကများနေလို့ တစ်ရက်တစ်ခေါက် ထွက်ဖို့တောင် မလွယ်ဘူး ဖြစ်နေတယ်။ သင်္ကြန်ပွဲတော် ကာလတုန်း ကတော့ ဘုရားဖူး ဧည့်သည်တွေ များလို့ အဆင်ပြေခဲ့ပေမယ့် အခုရက်ပိုင်းတွေမှာ ဧည့်သည်အလာကို စောင့်နေရပြီး ထိုင်နေရတာများတယ်''ဟု ရေယာဉ် ပိုင်ရှင်တစ်ဦးက ပြောပြသည်။

ယခုအချိန်တွင် ဗူးဘုရားရေဆိပ်၌ ကမ်းကပ်ထားသော ရေယာဉ်သမားများသည် ဘုရားဖူးလာ ရောက်ကြသည့် ဧည့်သည်များကို ရေဆိပ်မှ ဘုရားဝန်းကျင်သို့ တက်၍ငှားရမ်း စီးနင်းသူများကို ရှာဖွေနေရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...