Social Icons

Pages

Monday, May 8, 2017

ကျောက်ပန်းတောင်းမြို့နယ် တငါ့ကျေးရွာအုပ်စု ရွာအိုကျေးရွာတွင် ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



ကျောက်ပန်းတောင်း ၈-၅-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တငါ့ကန်ကျေးရွာ အုပ်စု ရွာအိုကျေးရွာတွင်မေ ၆ရက် ညနေ ၄နာရီမိနစ်၃ဝ ခန့်က ကုန်စုံရောင်းချသည့် အိမ်ဆိုင်ရှိ ရေခဲသေတ္တာ လျှပ်စစ်မီးအပူ လွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ရွာအိုကျေးရွာအဝင်ရှိ ဦးဖိုးထူး (ဘ) ဦးရွှေကြီးပိုင်(၁၅ပေx၁ဝပေ) သွပ်မိုး၊ ထရံကာမြေ စိုက်ဈေးဆိုင် အဆောက်အုံတွင်းရှိ ရေခဲသေတ္တာ လျှပ်စစ်မီး အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဈေးဆိုင်အဆောက် အအုံမှတစ်ဆင့် (၁၅ပေx၁ဝပေ)ရှိ နေအိမ်အဆောက်အအုံသို့ ကူးစက်လောင်ကျွမ်းခဲ့ သောကြောင့် အဆောက်အအုံနှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ မြေစိုက်အဆောက်အအုံ နှစ်လုံးနှင့် တရုတ်ဆိုင်ကယ်( ရင်ဇင်း-၁၁ဝ) နှစ်စီး၊ ရေခဲသေတ္တာတစ်လုံး စုစုပေါင်း တန်ဖိုး ငွေကျပ် ၆ဝဝဝဝဝ ခန့် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်ပွားရာ သို့ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစီးသည့် မီးသတ်ယာဉ်သုံးစီး၊ သန္ဓေမီးတပ်ဖွဲ့ဝင် ၁၅ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်ဦးရေ ၂ဝ စုစုပေါင်း ၃၅ဦးနှင့် မြို့ပေါ်ရှိပြည်သူများက သွားရောက် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြရာ ညနေ ၄နာရီ၅၈မိနစ် က မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ပိုင်ရှင် ဖိုးထူး (ဘ) ဦးရွှေကြီးကို ကျောက်ပန်းတောင်းမြို့မရဲစခန်းက (ပ)၅၇/၂ဝ၁၇၊ ပုဒ်မ-၂၈၅ဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...