Social Icons

Pages

Thursday, May 18, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိလစ်ပိုင်နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့ဝင်များ ဖိလစ်ပိုင်နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Eduardo M. Ano နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်စဉ်။


နေပြည်တော် ၁၈-၅-၂၀၁၇

(၁၄) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) သို့ တက်ရောက်ရန် အတွက် ဖိလစ်ပိုင်နိုင်ငံ သို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၁၇ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် Philippine International Convention Center ရှိ Meeting Room 1 ၌ ဖိလစ်ပိုင်နိုင်ငံတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Eduardo M.Ano နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါကြိုဆိုဂုဏ်ပြု ညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများ၊ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် များအား ဖိလစ်ပိုင်နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်Gen.Eduardo M.Ano နှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံအလိုက် အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် ဖိလစ်ပိုင်နိုင်ငံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ ဝင်များသည် ညစာစားပွဲသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ဝင်များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ဖိလစ်ပိုင်တပ်မတော် တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။ ညစာသုံးဆောင် အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...