Social Icons

Pages

Thursday, May 18, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (14th ACDFIM) တက်ရောက်မည့် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Surapong Suwana-adth ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် လာအိုပြည်သူ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Maj. Gen. Souvone LEUANGBOUNMY ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စင်ကာပူနိုင်ငံတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim တို့ တွေ့ဆုံဆွေးနွေးစဉ်။


နေပြည်တော် ၁၈-၅-၂၀၁၇

(၁၄) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) တက်ရောက်ရန် အတွက် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံဆွေးနွေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Maj.Gen. Souvone EUANGBOUNMY ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့်လည်းကောင်း၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Surapong Suwanaadth ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်Gen. Eduardo M. Ano ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊ စင်ကာပူနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ အင်ဒိုနီးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Gatot Nurmantyo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း နိုင်ငံအလိုက်သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ ကာကွယ်ရေး၊ကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ နှင့်အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...