Social Icons

Pages

Thursday, May 11, 2017

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်လည်ပတ်ရာတွင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်မှု တိုးတက်များပြားလာနေ



ရန်ကုန် ၁၁-၅-၂၀၁၇

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် လည်ပတ်ရာတွင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်မှု တိုးတက်များပြား လာနေကြောင်း Out Bound ပြည်ပ ခရီးသွားလုပ်ငန်း သတင်းများနှင့် Vietjet လေကြောင်းလိုင်း၏သတင်းများအရ သိရသည်။

ယခုအခါ မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများသို့ သွားရောက် လည်ပတ်မှုများ တိုးတက်များပြား လာခဲ့သည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်လည်ပတ်ရာတွင် ဒေသတွင်း အာဆီယံနိုင်ငံများ၊ ဥရောပနှင့် အမေရိကန်နိုင် ငံတို့ထိ သွားရောက် လည်ပတ်မှု များရှိသည်။

အဆိုပါလည်ပတ်မှု များအနက် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အာဆီယံ ဒေသတွင်းမှ ဗီယက်နမ်၊စင်ကာပူ၊ မလေးရှားနိုင်ငံ၊ အာရှမှကိုရီးယား၊ ဂျပန်နိုင်ငံတို့အပြင် အမေရိကန် နိုင်ငံတို့သို့ သွား ရောက်လည်ပတ်မှု အများဆုံးဖြစ်သည်။

မြန်မာနိုင်ငံမှ အများဆုံးသွားရောက် လည်ပတ် နေသည့်နိုင်ငံများ အနက် ဗီယက်နမ်နိုင်ငံသို့ သွားရောက် လည်ပတ်မှုသည် သိသိသာသာ တိုးတက်များ ပြားလာခဲ့သည်။ ပြီးခဲ့သည့် မြန်မာရိုးရာ သင်္ကြန်ကာလအတွင်းက ဗီယက်နမ် နိုင်ငံသည် မြန်မာနိုင်ငံမှ သွားရောက် လည်ပတ်သူများ၏ အကြိုက်နှစ် သက်ဆုံး ခရီးသွားလာသည့် နေရာများအနက် တစ်ခုအပါအဝင်ဖြစ် လာကြောင်း Vietjet လေကြောင်းလိုင်းက ထုတ်ဖော်ပြော ကြားခဲ့သည်။

ပြီးခဲ့သည့် သင်္ကြန်ပွဲတော် ကာလအတွင်း မြန်မာနိုင်ငံမှ Out Bound ပြည်ပခရီးစဉ် ပေါင်းများစွာ ရှိခဲ့သည့်အနက် ဗီယက်နမ်နိုင်ငံ သည်ထိပ်တန်း နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ ဗီယက်နမ်နိုင်ငံတွင် မြန်မာနိုင်ငံခရီးသွား များနှင့် ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်သော Halong Bay, Halong Night Market, HoamKiem Lake နှင့် Hoi An City အစရှိသော နေရာအသီးသီးတွင် လေ့လာသူများ များပြားလျက်ရှိပြီး အခြား Phu Quoc Island., Cat BaIsland သို့သွားရောက် လည်ပတ်မှု များပြားနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...