Social Icons

Pages

Friday, May 19, 2017

ပြည်တွင်းမှ ရော်ဘာကုန်ချော ထုတ်လုပ်တင်ပို့နိုင်ရန် လိုအပ်ချက်များရှိနေ



ရန်ကုန် ၁၉-၅-၂၀၁၇

မြန်မာနိုင်ငံမှ ထွက်ရှိသော ရော်ဘာများအနက် ၉ဝ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရဆဲဖြစ်ပြီး ပြည်တွင်း၌ ကုန်ချောထုတ်လုပ်နိုင်မည့် အခြေအနေသို့ ရောက်ရှိရန် လိုအပ်ချက်များ ရှိနေသေးကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှသိရသည်။

''ကုန်ချောထုတ်တဲ့ စက်ရုံဆိုတာ အဓိကက ငွေကြေးအမြောက်အမြား သုံးရပြီး စက်ရုံတစ်ရုံ တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျမှာပါ။ အဲဒီအတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ရှိဖို့လိုတယ်။
ကိုယ့်ပြည်တွင်းက ထုတ်ဖို့ဆိုရင် လုပ်ငန်းရှင်တွေ အပေါ်မှာ လုံလောက်တဲ့ ငွေကြေးထုတ်ချေးပေးတဲ့ စနစ်တွေလည်း လိုအပ်ပါတယ်''ဟု မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး
ဦးခိုင်မြင့်က ပြောသည်။

ရော်ဘာကုန်ချော ထုတ်လုပ်နိုင်ရန် ငွေကြေးအရင်းအနှီး အများအပြားလိုအပ် ရုံသာမက ရော်ဘာအရည်အသွေး မြှင့်တင်ပေးရန်နှင့် နည်းပညာ၊ အခြေခံအဆောက် အအုံနှင့် လျှပ်စစ်ကဏ္ဍမှအစ အလုံအလောက် ဖြည့်ဆည်းပေးရန် လိုအပ်မည်ဖြစ်သည်။

ရော်ဘာအရည်အသွေး မြှင့်တင်နိုင်ရန်၂ဝ၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများ အသင်းနှင့် ဂျပန်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဂျပန်ရော်ဘာကုန်သည် ကြီးများအသင်း၊ ဂျပန်ရော်ဘာ ကုန်ချောထုတ်လုပ် သူများအသင်းတို့ ပူးပေါင်းလုပ်ဆောင် ခဲ့ကြောင်း သိရသည်။

''အရင်နှစ်တွေတုန်းက ခြံရှင်ကလေးတွေက ဈေးနှုန်းနိမ့်နေတာကြောင့် ရော်ဘာပင်တွေကို အစေးခြစ်ရုံ သက်သက်ပဲလုပ်ခဲ့ ကြတယ်။ ဒါကြောင့် အရည်အသွေးပိုင်း နိမ့်ကျခဲ့တယ်။ ဒီနှစ်မှာ သင်တန်းတွေ ပေးပြီးစနစ်တကျ ဆောင်ရွက်တော့ အရည်အသွေး နည်းနည်းတက်လာ တယ်လို့ ပြောလို့ရပါတယ်'' ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...