Social Icons

Pages

Friday, May 19, 2017

လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ ဖြိုးတိုးတက်စေရန် လက်ဖက်စိုက်ပျိုးသည့် ကျေးရွာများ၌ အခမဲ့သင်တန်း ဖွင့်လှစ်မည်



ရန်ကုန် ၁၉-၅-၂၀၁၇

လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန် လက်ဖက် အဓိကစိုက်ပျိုးရာ နေရာများ ဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့နယ် အတွင်းရှိ လက်ဖက်စိုက်ပျိုးရာ ကျေးရွာများ၌ အခမဲ့သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်ကြောင်း Myanmar Green Tea မန်နေးဂျင်းဒါရိုက်တာ ကိုကျော်သီဟထံမှ သိရသည်။

အဆိုပါသင်တန်းကို ကျေးရွာအစုအဖွဲ့ များအလိုက် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် လက်ဖက်စိုက်ပျိုးထုတ်လုပ် မှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် လက်ဖက်ညွန့် များပိုမိုရရှိနိုင်သော လက်ဖက်ကိုင်း ဖြတ်နည်း သင်တန်း၊ သန့်ရှင်းသပ်ရပ်ပြီး အနံ့အရသာ ပိုမိုကောင်းမွန်သော နေလှန်းလက်ဖက်ခြောက် ထုတ်လုပ်နည်း၊ လက်ဖက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝဝ မှ ၁ဝဝဝဝ ကျော်အထိ ရရှိနိုင်သည့် တန်ဖိုးမြင့် လက်ဖက်ခြောက် ထုတ်လုပ်နည်းနှင့် တခြားလက်ဖက်နှင့် ပတ်သက်သော အထွေထွေ ဗဟုသုတများကို စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည် ဖြစ်သည်။

အဆိုပါသင်တန်းသို့ တက်ရောက်လို သူများအနေဖြင့် ရွာအမည်နှင့်မြို့နယ်၊ သင်တန်းဖိတ်ကြားသူ ၏အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့အား ဖော်ပြလျှောက်ထား နိုင်ပြီး အသေးစိတ် အချက်အလက် များကို Myanmar Green Tea ဖုန်း- ဝ၉- ၂၅၉၅-၁၆၅၄၃၊ ဝ၉-၇၉၉၁၈၁၃၂၃ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...