Social Icons

Pages

Thursday, May 4, 2017

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လေဘေးသင့် ဒေသများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်


      တပ်မတော်သားများက လေဘေးသင့်ဒေသများ၌ နေအိမ်အမိုးများအား ရှင်းလင်းဖယ်ရှားပေးစဉ်။


နေပြည်တော် ၄-၅-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မေ ၂ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှု နှင့်မိုးသီး ကြွေကျမှု များကြောင့် ကနီမြို့နယ်၊ ချိုင်ကျေးရွာရှိ လူနေအိမ် ၁၉ လုံးနှင့် စာသင်ကျောင်း တစ်ကျောင်းတို့၏ အမိုးများ ပေါက်ပြဲပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ လဲကျခြင်းနှင့် ဒီပဲယင်းမြို့နယ်၊ ကျခတ်ကျေးရွာရှိ နေအိမ်ငါးလုံး ပြိုကျပျက်စီးပြီး နေအိမ် ၃ဝ လုံးနှင့် ဘုန်းတော်ကြီး ကျောင်းနှစ်ကျောင်း တို့၏ အမိုးများ ပေါက်ပြဲပျက်စီးခြင်း၊ စေတီတော်တစ်ဆူထီးတော်မြေခခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လေဘေးသင့် ဒေသများ၌ ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမှိုက်များ ရှင်းလင်းပေးခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ပျက်စီးနေသည့် နေအိမ်အမိုးများအား ရှင်းလင်း ဖယ်ရှားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...