Social Icons

Pages

Thursday, May 4, 2017

မြေအောက်ရေ အခြေအနေစောင့်ကြည့်သည့် ကိရိယာဖြင့် မြေပြို၊ မြေကျွံခြင်း မဖြစ်ရန် တစ်နှစ်ပတ်လုံး စောင့်ကြည့်တိုင်းတာမည်


မြေအောက်ရေအခြေအနေစောင့်ကြည့်သည့် ကိရိယာ(Monitoring) တပ်ဆင်တိုင်းတာနေစဉ်။

မြင်းခြံ ၄-၅-၂၀၁၇

မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကြောင့် မြေပြိုခြင်း၊ မြေကျွံခြင်းမဖြစ်ရန် မြေအောက်ရေအခြေ အနေစောင့်
ကြည့်သည့် ကိရိယာ(Monitoring)များ တပ်ဆင်ကာ အထက်မြန်မာ ပြည်တွင် ငါးခုနှင့် အောက်မြန်မာပြည်တွင် လေးခု စုစုပေါင်းကိုးခုဖြင့် တစ်နှစ်ပတ်လုံး စောင့်ကြည့်တိုင်းတာ၍ လေ့လာသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်
ကြား ရေးမှူး ဦးအောင်ခိုင်မင်းထံမှ သိရသည်။

အခြားနိုင်ငံများတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များပြားခြင်းကြောင့် မြေလွှာများ ပြတ်ရွေခြင်း၊ မြေပြိုခြင်း၊ မြေကျွံခြင်း မြေအောက်ရေကြောင်း ပြောင်းလဲခြင်း များဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံ အတွင်းတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု ကြောင့် မလိုလားအပ်သော ဘေးအန္တရာယ်များ ကျရောက်မှုမရှိစေရန် ကြိုတင်စီမံချက် အနေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)သည် မြေအောက်ရေ အခြေအနေစောင့်ကြည့်သည့်ကိရိယာ ကနေဒါနိုင်ငံထုတ် Solinsp(Monitoring) များကို အထက် မြန်မာပြည်တွင် မုံရွာ၊ ကျောက်ဆည်၊ မြင်းခြံ၊ မကွေး၊ မင်းဘူး၊ အောက်မြန်မာပြည်တွင် ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်၊ သာယာဝတီ မြို့တို့တွင် ဧပြီ၃ဝရက်ကစပြီး ပြည်ထောင်စု ရန်ပုံငွေဖြင့် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်က တပ်ဆင်ထားပြီး ဖြစ်ကြောင်း မြင်းခြံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှဦးစီးအရာရှိ ဦးမောင်မောင်ကျော်က ပြောပြသည်။

ဧပြီ ၃ဝရက်က ထိုကိရိယာကို မြင်းခြံမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) လက်ထောက် ညွှန်ကြားရေးမှူးများ၏ ရုံးဝင်းအတွင်းရှိ အနက်ပေ၂ဝဝရှိ လေးလက်မ စက်ရေတွင်း
၌ တပ်ဆင်ထားပြီး ရေတွင်းကို MDY -1 အဖြစ် သတ်မှတ်ထားပြီး လေးနာရီလျှင် တစ်ကြိမ် အလိုအလျောက်မှတ်တမ်းတင် သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ မြို့ကြီးကိုးမြို့မှ တိုင်းတာချက် များအရ မြေအောက်ရေကြောင့် မြေပြိုခြင်း၊ မြေနိမ့်ဝင်ခြင်း၊ ပြတ်ရွေ့ခြင်း၊ မြေအောက်ရေကြောင်း ပြောင်းလဲခြင်းများ အခြေအနေကို သိရမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...