Social Icons

Pages

Saturday, May 20, 2017

နမ့်ဆန်မြို့နယ်အတွင်း ခဲယမ်းများ သယ်ဆောင်လာသော မော်တော်ယာဉ် တစ်စီးသိမ်းဆည်းရမိ


TNLAအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထံမှ သိမ်းဆည်းရမိ ခဲယမ်းများကို တွေ့ရစဉ်။

        TNLAအကြမ်းဖက်သောင်းကျန်းသူများ ရပ်တန့်ထားခဲ့သည့် ခဲယဲယမ်းများ တင်ဆောင်လာသော
                                           မော်တော်ယာဉ်ကိုတွေ့ရစဉ်။
နေပြည်တော် ၂၀-၅-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်အတွင်း TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် ဟိုမိန်းဘက်မှ ပန်စရီဘက်သို့ခဲယမ်းများ သယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် တပ်မတော် စစ်ကြောင်းကသွားရောက် ရှင်းလင်းခဲ့ရာ ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်တွင် နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မီတာ ၄ဝဝဝ ခန့်အကွာရှိ နမ့်ခေးရွာအနီး အရောက်၌ မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီး နှင့်အဖြူရောင် မော်တော်ယာဉ် တစ်စီးတို့သည် ဆက်လက်မောင်းနှင် ခြင်းမရှိဘဲ ရပ်တန့်သွားပြီး မော်တော်ယာဉ်ပေါ်ပါ သူများသည် ဆိုင်ကယ်ဖြင့် မြောက်ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

အဆိုပါရပ်တန့် ထားခဲ့သည့် မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးရာ ပွိုင့်-၅ဝ ကျည် ၄၅ဝ တောင့်၊ RPG ဒုံးသီး ၁ဝ လုံးနှင့် RPG ပို့ကျည် ၁ဝ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...