Social Icons

Pages

Thursday, May 18, 2017

ပွင့်လင်းရာသီကုန်ဆုံး တော့မည်ဖြစ်သော်လည်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ နယ်စပ်ဖြတ်ကျော် ယာဉ်တန်းခရီးစဉ်များဖြင့် လာရောက်လည်ပတ်မှုများရှိနေ



နေပြည်တော် ၁၈-၅-၂၀၁၇

ပွင့်လင်းရာသီ ကုန်ဆုံးတော့မည် ဖြစ်သော်လည်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များနယ်စပ် ဖြတ်ကျော်ယာဉ်တန်း ခရီးစဉ်များဖြင့် လာရောက်လည်ပတ် မှုများ ရှိနေကြောင်းဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ မေ၁၆ရက် ထုတ်ပြန်သော သတင်းများအရ သိရသည်။

နိုင်ငံတကာခရီးသွားများသည် သာသာယာယာ သွားလာလည်ပတ် နိုင်သည့် ပွင့်လင်းရာသီတွင်သာ အများဆုံး သွားလာ လည်ပတ်လေ့ရှိပြီး ပွင့်လင်းရာသီ ကုန်ဆုံးချိန်တွင် ရာသီဥတု ဆိုးရွားမှုများနှငြ့်ကုံတွေ့လာပါက မိမိတို့၏ ခရီးစဉ် လမ်းကြောင်းများသည် အဆင်မပြေဖြစ်နိုင်သဖြင့် ပွင့်လင်းရာသီ ကုန်ချိန်နီးလာသည်နှင့် သွားလာလည်ပတ်မှုများ လျော့ကျ လာလေ့ရှိသည်။

သို့သော် ယခုအခါပွင့်လင်းရာသီ ကုန်ဆုံးချိန်သို့ ရောက်ရှိနေပြီဖြစ် သော်လည်းနိုင်ငံတကာ ခရီးသွားများ ရှိနေဆဲဖြစ်သည်။ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန သတင်းများအရ ယခုနှစ် မေ ၂ ရက်ကInsight Asia Travels & Tours Co.,Ltd ၏စီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည် လေးဦးတို့သည် ၎င်းတို့၏ မော်တော်ယာဉ်ဖြင့် တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး-ကလေး-မန္တလေး- ပုဂံ- ရန်ကုန်ကျိုက်ထို-မြဝတီမြို့ တို့ရှိရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ကြည့်ရှုလေ့လာကာ မေ၁ဝ ရက်က မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာ သွားခဲ့သည်။

ထို့ပြင် Khaing Lin Tun Travels &ToursCo.,Ltd ၏ စီစဉ်မှုဖြင့်မေ ၁ဝ ရက်က ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် ၂၆ဦးတို့သည် ၎င်းတို့၏ မော်တော်ယာဉ် ၁ဝစီးဖြင့် မောတောင်နယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး မောတောင်-မြိတ်မောတောင် ဒေသများရှိ လူနေမှု ဓလေ့စရိုက်များ၊ အသက်မွေးဝမ်း ကျောင်းပြုမှုများ၊ သဘာဝအလှ တရားများကို ကြည့်ရှုလေ့လာကာ မေ၁၃ရက်က မောတောင်နယ်စပ် ဂိတ်မှထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...