Social Icons

Pages

Sunday, April 30, 2017

မြန်မာနိုင်ငံတွင် မိုးဥတုကာလကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လည်ပတ်နိုင်ရန် Green Season Program တစ်ခုကို ဖော်ဆောင်ရန်စီစဉ်နေ


နေပြည်တော် ၃၀-၄-၂၀၁၇

Year Round Destination အဖြစ် မြန်မာနိုင်ငံသို့ မိုးဥတုကာလတွင် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန် အစီအစဉ်တစ်ရပ်အဖြစ်၊ Green Season (Moonson Season) Program တစ်ခုကို ဖော်ဆောင် သွားရန်ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(UNWTO)၏ ခန့်မှန်းချက်အရ ၂ဝ၃ဝပြည့်နှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ကမ္ဘာလှည့်ခရီးသည်ဦးရေ ၁ ဒသမ ၈ ဘီလီယံထိ ရောက်ရှိ လာမည်ဖြစ်ပြီး နှစ်စဉ်ကမ္ဘာလှည့် ခရီးသည်ဦးရေ ၃ ဒသမ ၃ ရာခိုင်နှုန်း ၊ အရေအတွက်အားဖြင့် နှစ်စဉ်ပျမ်းမျှ ၄၃ သန်း ပုံမှန်တိုးတက် လာမည် ဖြစ်သည်။

ထို့ပြင် အာဆီယံဒေသတွင်းတွင် ၂ဝ၁၆ ခုနှစ်က ကမ္ဘာလှည့် ခရီးသည်ဦးရေ ၉၉ ဒသမ ၂သန်း လာရောက်လည်ပတ်ခဲ့ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် ကမ္ဘာလှည့်ခရီးသည် ဦးရေသည် ၁၈၇ သန်း ထိရှိလာမည် ဖြစ်ကြောင်း ခန့်မှန်းထားခဲ့သည်။

ထို့အတူ ၂ဝ၁၆ ခုနှစ်က အာဆီယံ ဒေသတွင်း နိုင်ငံများသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုမှာ ထိုင်းနိုင်ငံသို့ ၂၉ ဒသမ ၅သန်း၊ မလေးရှားနိုင်ငံ သို့၂၂ ဒသမ ၁သန်း၊ ဗီယက်နမ် နိုင်ငံသို့ ၁ဝသန်း၊ ကမ္ဘောဒီးယား နိုင်ငံသို့ ငါးသန်း၊ လာအိုနိုင်ငံသို့ ၂ ဒသမ ၂သန်းနှင့် မြန်မာနိုင်ငံသို့ ၂ ဒသမ ၉သန်းကျော် လာရောက် လည်ပတ်ခဲ့သည်။

ထိုအစီအစဉ်ကို ဖော်ဆောင်ရန်အတွက် ဟိုတယ်များ၊ ခရီးသွား လုပ်ငန်းများနှင့်ညှိ နှိုင်း၍ ဆက်စပ် ဝန်ဆောင်မှုများဖြင့် မက်လုံးပေး ဆွဲဆောင်မည့် အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...